လူလိမ္မာတွေ မျိုးပြုတ်လိမ့်မယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူလိမ္မာတွေ မျိုးပြုတ်လိမ့်မယ်


ဆောင်းပါး မရေးဖြစ်ခဲ့တာ ကြာပါပြီ။ အရေးပေါ် သတင်းတွေနဲ့ပဲ နပမ်းလုံးနေရလို့ ဆောင်းပါးဘက်မလှည့်နိုင်အားပါဘူး။ သတင်းစာရှင်းလင်းပွဲတွေမှာ ချပြတဲ့ အချက်အလက်တချို့ကို မြင်တွေ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကိုရော အများပြည်သူကိုပါ လေးလေးနက်နက် သတိပေးလိုတဲ့အတွက် ဒီဆောင်းပါးလေးကို ရေးသားခြင်းဖြစ်ပါတယ်။ အခုရက်ပိုင်း လူမှုကွန်ရက်စာမျက်နှာမှာ (လူယုတ်မာတွေကို မျိုးမဖြုတ်ရင် လူလိမ္မာတွေမျိုးပြုတ်လိမ့်မယ်) ဆိုတဲ့ စကားစုလေးပျံ့နှံ့လာတာတွေ့ရလို့ ဒါကိုအခြေခံပြီးတော့ပဲ ခေါင်းစဉ်တပ်လိုက်ပါတယ်။ လက်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက်အန္တရာယ်နဲ့ အကြမ်းဖက်ဆန့်ကျင်ရေး လှုပ်ရှားဆောင်ရွက်ခဲ့မှုအခြေအနေကို နှိုင်းချိန် တင်ပြပါရစေ။


သတိမူရင် မြင်ကြပါလိမ့်မယ်။ သိကြပါလိမ့်မယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက PDF အကြမ်းဖက်အဖွဲ့များထံ ငွေကြေးရှာဖွေ ထောက်ပံ့ပေးနေတဲ့ ဝရမ်းပြေးမ ပန်ဆယ်လို(ခ) အပျံမ ဘာသာခြား မွတ်စလင်တွေဆီက အလှူခံနေတဲ့ မှတ်တမ်းဓာတ်ပုံ တစ်ပုံကို ပြသပြီး သံဃာတော်တွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်နေတာတွေကို သတိပြုကြဖို့ အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။ ထပ်မံပြီး ၁၄ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ဗုဒ္ဓဘာသာတို့ရဲ့ ဘာသာရေးအဆောက်အဦး ဘုရားစေတီတွေပေါ်ကနေ တိုက်ခိုက်နေတဲ့ လုပ်ရပ်တွေ၊ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဒရုန်းအသုံးပြုပြီး ဗုံးခွဲတိုက်ခိုက်တဲ့ လုပ်ရပ်တွေကို ချပြပြီး လေးလေးနက်နက် ထပ်မံ သတိပေးသွားခဲ့ပါတယ်။


၁၃ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာလည်း NLD အစွန်းရောက်တွေ့ဖွဲ့စည်းထားတဲ့ NUG, PDF အကြမ်းဖက်သမားတွေက သံဃာတော်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ သတင်းသမားများရဲ့ အမြင်ကို မေးခွန်းထုတ်ခဲ့ပေမယ့် အချိန်ကို ငဲ့ညှာသောအားဖြင့် ဘာမှမတင်ပြခဲ့ပါဘူး။ ၁၄ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဒုဝန်ကြီးက ထပ်မံမေးမြန်းခဲ့တဲ့အတွက် အချိန်ကို ငဲ့ညှာသောအားဖြင့် အတိုးချုံးတင်ပြခဲ့ပါတယ်။


ကျွန်တော်တင်ပြခဲ့တာကတော့ "ကျွန်တော်တို့ တိုင်းပြည်ဟာသမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက် ကတည်းက ခိုးဝင်ဘင်္ဂလီများ၏ အကြမ်းဖက်မှုဒဏ်ကို ခံခဲ့ရကြောင်း၊ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲနဲ့အတူ အကြမ်းဖက်ဘေးအန္တရာယ်သည် ဒွန်တွဲပါလာခဲ့ကြောင်း၊ ကျွန်တော်တို့ရဲ့လှုပ်ရှားဆောင်ရွက်မှုအရလည်းကောင်း၊ လေ့လာဆည်းပူးမှုအရလည်းကောင်း NLD အစွန်းရောက် PDF အကြမ်းဖက်သမားများရဲ့ လုပ်ရပ်ဟာ ဘာသာရေးဂျိဟာဒ် လမ်းစဉ်ကို ဖော်ဆောင်နေသည်ဟု တိတိကျကျ ပြောနိုင်ပါကြောင်း၊ အတိုချုံးအားဖြင့် ကျွန်တော်တို့ တရားဝင်ရေးသားထုတ်ဝေထားသည့် အကြမ်းဖက်မှုတို့ မြစ်ဖျားခံရာ စာအုပ်ရှိပါကြောင်း၊ ပြန်ကြားရေးမှာလည်း မှတ်တမ်းရှိမှာဖြစ်ကြောင်း၊ တိုက်ဆိုင်လေ့လာကြည့်ပါက ထပ်တူကျနေသည်ကို တွေ့ရမှာဖြစ်ကြောင်း" ပြန်ကြားရေးဒုဝန်ကြီးကို တင်ပြခဲ့ပါတယ်။


ဒါကို အများပြည်သူ သဘောပေါက်အောင် အကျယ်ချဲ့ပြီး ပြောစရာတွေများစွာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသားရေးလှုပ်ရှားမှု ပေါ်ပေါက်လာခြင်းဟာ အကြမ်းဖက်ဘေးအန္တရာယ်များ ဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်ပါတယ်။ အမျိုးသားရေးလှုပ်ရှားမှုကို တိုင်းတပါးလက်ပါးစေ နိုင်ငံရေးသမားတွေက အစွန်းရောက်လို့ နာမည်ဆိုးတပ်ခဲ့ကြသည့်တိုင်အောင် အမျိုးသားရေးလှုပ်ရှားသူတွေရဲ့ လက်မှာ သွေးမစွန်းခဲ့သလို၊ သွေးစွန်းမယ့် လမ်းစဉ်ကိုလည်း အမျိုးသားရေးလှုပ်ရှားသူတွေက မလိုက်ခဲ့ကြပါဘူး။


ခိုးဝင်ဘင်္ဂလီတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာတဲ့အချိန်မှာ မိမိတို့ တတ်စွမ်းသမျှ အကြမ်းဖက်ခံရတဲ့ ဗုဒ္ဓဘာသာဝင်တွေကို ဥပဒေဘောင်အတွင်းက လိုက်လံကူညီတယ်။ တတ်စွမ်းသမျှ ထောက်ပံ့တယ်။ ဗုဒ္ဓဘာသာဝင် အများစုဟာ ကိုယ်တိုင်လည်း သူတပါးအပေါ် အကြမ်းဖက်တိုက်ခိုက်မယ်၊ အလစ်အငိုက် တိုက်ခိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ တခြားဘာသာဝင်တွေကိုလည်း ဗုဒ္ဓဘာသာရဲ့ ရန်သူလို့ မမြင်ကြပါဘူး။ ကိုယ်နဲ့ရန်ညှိုးရန်စ မရှိရင် ဘယ်သူ့ကိုမဆို၊ ဘယ်ဘာသာဝင်ကိုမဆို ရန်သူလို သဘောမထားပါဘူး။ 


ခိုးဝင်ဘင်္ဂလီတွေရဲ့ အကြမ်းဖက်မှုနဲ့အတူ ပြည်တွင်းနေ မွတ်စလင်တွေကလည်း တသားတည်း အကြမ်းဖက်မှုတွေ လုပ်လာတဲ့အချိန်မှာ သူတို့ရဲ့ ဘာသာရေးကျမ်းတွေကို ကျွန်တော်တို့စုစည်း လေ့လာခဲ့ကြပါတယ်။ နိုင်ငံတကာက ပညာရှင်များလေ့လာဖော်ထုတ်ထားတဲ့ အချက်တွေကိုလည်း ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။ အဲဒါတွေကို ပေါင်းစပ်ပြီး အကြမ်းဖက်မှုတို့ မြစ်ဖျားခံရာ ဆိုတဲ့စာအုပ်ကို တရားဝင် ထုတ်ဝေခဲ့ကြခြင်းဖြစ်ပါတယ်။ ထုတ်ဝေသူ ကိုသီရိမောင်ကတော့ ကွယ်လွန်သွားခဲ့ပါပြီ။


ခိုးဝင်ဘင်္ဂလီတွေရဲ့ အကြမ်းဖက်မှုနဲ့ NLD အစွန်းရောက် CRPH, NUG, PDF အကြမ်းဖက်တွေရဲ့ လုပ်ရပ်ကို ဘယ်လိုမှ အပ်စပ်လို့မရဘူး။ ခိုးဝင်ဘင်္ဂလီက ဘာသာရေးအကြမ်းဖက်မှု၊ NLD အစွန်းရောက် CRPH, NUG, PDF အကြမ်းဖက်သမားတွေက နိုင်ငံရေးအရ တော်လှန်တာလို့ သာမန်အားဖြင့် အများပြည်သူကို ဂျင်းထည့်နိုင်ပါတယ်။ ဒီလို ဂျင်းစကားအပေါ်မှာပဲ အများပြည်သူက ယုံကြည်ကြမှာ ဖြစ်ပါတယ်။


ကျွန်တော်တို့ရဲ့ လေးလေးနက်နက် အသိပေးတင်ပြချက်တွေကို မလေ့လာခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ NUG ဖွဲ့စည်းပြီးချိန် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဆိုတာ မြန်မာနိုင်ငံမှာ တခါမှ မရှိခဲ့ဖူးတာကို ထည့်သွင်းဖွဲ့စည်းလာပါတယ်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် လူ့အခွင့်အရေးလှုပ်ရှားသူ အောင်မျိုးမင်းဆိုသူကို တာဝန်ပေးခဲ့ကြပါတယ်။ အောင်မျိုးမင်းဆိုသူဟာ လူမျိုးလိမ်အရေး အစဉ်သဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့သူဖြစ်ပြီး BBC, VOA, RFA အပါအဝင် သူတို့ရဲ့ အပေါင်းအပါ ပြည်ဖျက်မီဒီယာတွေနဲ့ အင်တာဗျူးတွေမှာ ခိုးဝင်ဘင်္ဂလီကို လူမျိုးလိမ်အမည်သုံးစွဲပြောဆိုပြီး သူတို့တွေဖွဲ့စည်းထားတဲ့ အကြမ်းဖက်အစိုးရအဖွဲ့ထဲမှာ နေရာပေးသွားဖို့ ပြောဆိုခဲ့တာတွေ ရှိပါတယ်။ Myanmar Now လို OIC အထောက်အပံ့နဲ့ ရပ်တည်နေတဲ့ မီဒီယာက လူမျိုးလိမ်အရေးအတွက်ကို အလေးထားမေးမြန်းပြီး OIC အထောက်အပံ့ကို အတူတူ ဝေစားမျှစား လုပ်ထားတဲ့ လူ့အခွင့်အရေးလုပ်စားသူ အောင်မျိုးမင်းကလည်း ခိုးဝင်ဘင်္ဂလီတွေအကြိုက်၊ လူမျိုးလိမ်အရေးအတွက် ငွေကြေးထောက်ပံ့ထားသူတွေအကြိုက် ပြောဆိုခဲ့တာဟာ ဇာတ်တိုက်ဖို့မလိုပဲ လုပ်ဇာတ်တစ်ခုကို ပီပီပြင်ပြင်ကပြနေကြခြင်းသာ ဖြစ်ပါတယ်။


ဆိုရပါရင် KNU, KIA အစရှိတဲ့အဖွဲ့အစည်းတွေဟာ ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသားတွေ ဖြစ်တယ်။ အဲဒီ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင်သည်လည်း တိုင်းတပါးသားတွေရဲ့ စနက်ကြောင့် မြန်မာနိုင်ငံမှာလူအများစုဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေအပေါ် ဟိုးယခင်ကတည်းက မကျေနပ်မှုတွေ ရှိခဲ့ကြတာဖြစ်ပါတယ်။ သူတို့နဲ့နီးစပ်သူတွေကိုလည်း ဗုဒ္ဓဘာသာအပေါ် တိုက်ခိုက်လိုစိတ်ဖြစ်အောင် အမုန်းတရား ရိုက်သွင်းထားသူတွေ ဖြစ်ပါတယ်။ တချို့တိုင်းရင်းသား လူနည်းစုတွေမှာ လူနည်းစုအပေါ် ဘာသာရေးအရ အနိုင်ကျင့်တဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့က မျက်မြင်ဒိဋ္ဌ တွေ့မြင်ခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိပါတယ်။ လူနည်းစုတိုင်းရင်းသားထဲမှာမှ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသူတွေလည်း ရှိပါတယ်။ အဲဒီလို လူတွေကို သူတို့တိုင်းရင်းသားလူမျိုးစုဝင်မဟုတ်ဘူး။ သူတို့တိုင်းရင်းသားလူမျိုးစုမှာ ခရစ်ယာန်ပဲ ရှိပါတယ်ဆိုသည်အထိ အစွန်းရောက်တွေ ရှိပါတယ်။ အဲဒီလို လူတွေက ဘယ်လောက်အထိ ပေါက်ရောက်ခဲ့သလဲ ဆိုရင် ပြည်နယ်လဝကရုံးအထိ ကို သူတို့လူမျိုးနာမည်နဲ့ခရစ်ယာန်ဘာသာဝင်မဟုတ်ဘဲ မှတ်ပုံတင် မှာတခြားဘာသာနဲ့ လာလုပ်ရင် လုပ်မပေးပါနဲ့ ဆိုတာမျိုးအထိ လူပါးဝလို့ ရသလောက် အဆုံးစွန် လူပါးဝကြသူတွေ ရှိခဲ့ပါတယ်။


ဆက်စပ်မှုကို ပြန်ပြီးချည်းကပ်ကြည့်မယ်ဆိုရင် ဘာသာခြား၊ လူမျိုးခြားက အကြမ်းဖက်လာရင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ညီညီညွတ်ညွတ်နဲ့ တုန့်ပြန်ကြမှာဖြစ်လို့ သူတို့အတွက် အခွင့်အလမ်းမရှိဘူး။ အခုအခါမှာ အာဏာလက်မဲ့ဖြစ်သွားတဲ့ NLD အစွန်းရောက်အုပ်စုကို သွေးထိုးမြှောက်ပင့်ပေးလိုက်ရုံနဲ့ အချင်းချင်းသတ်ဖြတ်ကြမှာကို ကောင်းကောင်းသဘောပေါက်တဲ့ OIC နဲ့ အနောက်အုပ်စုက NLD ကို အစွန်းရောက် အကြမ်းဖက်လမ်းစဉ်ပေါ်တွန်းပို့၊ ငွေကြေး၊ လက်နက်ထောက်ပံ့ပေးပြီး ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်ခိုင်းရုံမျှမက သံဃာတော်တွေ၊ ဆရာ/ဆရာမတွေပါ မချန် လုပ်ကြံသတ်ဖြတ်ခိုင်းသည်အထိ တစ်ချက်ခုတ် နှစ်ချက်ပြတ် မဟုတ်တော့ဘဲ တစ်ချက်ခုတ် ဆယ်ချက်ပြတ်သည်အထိ ဘာသာရေးအစွန်းရောက် အုပ်စုက အောင်မြင်သွားပါတယ်။


အခိုင်းခံ အုပ်စုကတော့ အာဏာလက်မဲ့ဖြစ်ပြီး သွေးရူးသွေးတမ်းဖြစ်နေတဲ့ NLD အစွန်းရောက် အုပ်စုပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအစွန်းရောက်စိတ်နဲ့ အကြမ်းဖက်အဖွဲ့ထဲ ရောက်သွားတဲ့ လူငယ်တွေမှာ သံဃာကိုသတ်ဖို့ဝန်မလေးသလို မိမိတို့ရဲ့ဆရာ/ ဆရာမကို ပြန်သတ်ဖို့ဝန်မလေးတဲ့ အခြေအနေမျိုးအထိ အရိုင်းစိတ်တွေနဲ့ ရက်ရက်စက်စက် သတ်ဖြတ်နေတာတွေဟာ မကြည့်ရက် မမြင်ရက်စရာတွေ ဖြစ်လာခဲ့ပါပြီ။


အစောပိုင်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အသေမသတ်ဘဲ လက်ဖြတ်၊ ခြေဖြတ်ပြီး လမ်းလယ်ခေါင်မှာ ဗွီဒီယိုမှတ်တမ်းတင် ရိုက်ထူးထားတာကို တွေ့ခဲ့ရပါတယ်။ ၂၁ -၅-၂၀၂၂ ရက်နေ့ အလားတူ ပုံစံမျိုးအပြစ်မဲ့ ပြည်သူတစ်ဦးကို အကြမ်းဖက်သမားတွေက တစ်ယောက်ချင်း လက်ဖြတ် ခြေဖြတ် လမ်းဆင့်ကမ်းပြီး ခုတ်ထစ်သတ်ဖြတ်နေတာကို စိတ်နှလုံးမချမ်းမြေ့ဖွယ် မြင်တွေ့ခဲ့ရပါတယ်။ PDF အကြမ်းဖက်အဖွဲ့ထဲ ရောက်တဲ့ လူငယ်တွေမှာ အရိုင်းတကာ့အရိုင်းဆုံး အခြေအနေကို ရောက်သွားပြီ။ 


အကြမ်းဖက်သမားဖြစ်သွားကြတဲ့ လူငယ်တွေမှာ မူးယစ်ဆေးဝါးရဲ့ ဒဏ်၊ ရင်ဆိုင်ကြုံတွေ့လာရတဲ့ အခက်အခဲဒုက္ခတွေကြောင့် ငွေရဖို့ ထွက်ပေါက်ရှာကြရင်း ဘာသာခြားတွေက ဘုန်းကြီးကို သတ်ရင် ငွေတစ်သိန်းပေးမယ်ဆိုလည်း သတ်၊ ငွေ ၅သောင်း ပေးမယ်ဆိုလည်း သတ်၊ အဲဒီ မှတ်တမ်းတွေအရ သူတို့တွေဟာ ဒီအကြမ်းဖက်အဖွဲ့ထဲကနေ ရုန်းထွက်သွားရင် ငွေပေးပြီး ခိုင်းစေထားသူတွေက သက်ဆိုင်ရာအဖွဲ့တွေဆီ ဒီမှတ်တမ်းတွေပို့ပြီး ဖမ်းဆီးအရေးယူခိုင်းမယ့် အခြေအနေမျိုး အကြပ်ကိုင်ပြီး ခြိမ်းခြောက်တာ ခံရမယ်။ ဒီလိုနဲ့အကြမ်းဖက်အဖွဲ့ထဲကနေ ဘယ်လိုမှ ရုန်းထွက်လို့ မရတော့ဘဲ အမှားတွေ ထပ်ဆင့်ကျူးလွန်ရင်း ယုတ်မာဆိုးသွမ်းလွန်းသော အကြမ်းဖက်သမားတွေ ဖြစ်လာကြပြီ။


ခိုးဝင်ဘင်္ဂလီတွေ အကြမ်းဖက်မှုတွေကို အစဉ်တစိုက်လုပ်လာစဉ်ကတည်းက ကျွန်တော်တို့တွေက အသိပညာနဲ့ ခုခံကာကွယ်မှ ရမယ်ဆိုတာကို သိရှိနားလည်တဲ့အတွက် ဘာသာရေးလမ်းညွှန်တွေကို အခြေခံပြီးအကြမ်းဖက်နေသူတွေအကြောင်းကို အများပြည်သူ သိရှိနားလည်အောင် အမျိုးသားရေးအသိပညာပေး ဟောပြောပွဲတွေမှာ ကျမ်းစာအကိုးအကားနဲ့ ကမ္ဘာအရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်မှတ်တမ်းတွေကို ဗီနိုင်းပိုစတာတွေထုတ်ပြီး ရှင်းလင်းပြသ ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုကို အများစုက အစွန်းရောက်တွေလို့တံဆိပ်ကပ်ခဲ့ကြပါတယ်။ စိတ်ပါဝင်စားသူကတော့ နည်းပါးခဲ့ပါတယ်။


အမျိုးသားရေးအသိရှိတဲ့ ပုဂ္ဂိုလ်တွေက အစွန်းရောက်တံဆိပ်ကပ်ခံထားရတဲ့ ကျွန်တော်တို့တွေကို သူတို့ရဲ့ မြို့တွေ၊ နယ်တွေမှာ လာရောက် ရှင်းလင်းဟောပြောပေးဖို့ဖိတ်ခေါ်ခဲ့ကြပါတယ်။ မြန်မာပြည်အထက်ပိုင်း ပုဂံ၊ ညောင်ဦး၊ ပခုက္ကူ၊ မကွေး၊ မုံရွာ၊ ဆားလင်းကြီး၊ ချောင်းဦး အထိ ခြေဆန့်ခဲ့ပါတယ်။ ရှမ်းပြည်နယ် ရပ်စောက်မြို့က အမျိုးသားရေးလှုပ်ရှားသူများရဲ့ ဖိတ်ခေါ်မှုကြောင့် သွားရောက် ဟောပြောခဲ့တာကိုလည်း အမှတ်ရနေပါတယ်။ စီစဉ်သူတွေက တစ်ရက်ကို မနက်တစ်ရွာ ညတစ်ရွာ ဟောခိုင်းပါတယ်။ မှတ်မှတ်ရရ အကြမ်းဖက်အန္တရာယ်တွေနဲ့ ပတ်သက်လို့လေ့လာ သိရှိထားပြီးဖြစ်တဲ့ ဆရာတော်တစ်ပါးရဲ့ ကျောင်းမှာလည်း ဟောပြောခဲ့ရပါသေးတယ်။ ဆရာတော် အမိန့်ရှိတာက "ငါတို့က ဒီကိစ္စတွေကို မသိလို့မဟုတ်ဘူး။ ငါတို့အနေနဲ့ သိတိုင်း ပြောလို့ မရတဲ့ စကားတွေ ရှိတယ်။ မင်းတို့ ဟောစရာရှိတာ၊ ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်း အများပြည်သူသိရှိနားလည်အောင် ဟောကြ" လို့ အမိန့်ရှိခဲ့ပါတယ်။ အဲဒီဟောပြောပွဲမှာ ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ခိုးဝင်ဘင်္ဂလီတွေရဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခြင်းကြောင့်သေဆုံးခဲ့ရတဲ့ မသီတာထွေးရဲ့ ဖြစ်ရပ်ကို အခြေခံပြီး ဟောပြောရာမှာ ကျွန်တော်ကိုယ်တိုင်လည်း ခံစားရသလို နားဆင်သူ ပရိတ်သတ် အမျိုးသမီးတွေမှာလည်း နားဆင်ရင်း မျက်ရည်ကျရသည်အထိ ခံစားနာလည်ခဲ့ကြပါတယ်။


အခု တိုင်းပြည်ထဲမှာ NLD အစွန်းရောက် အကြမ်းဖက်အုပ်စုက သံဃာတော်တွေကို သတ်ဖြတ်နေတာ၊ ဆရာ/ဆရာမတွေကို သတ်ဖြတ်နေတာ မဟုတ်ပါဘူး။ သူတို့နောက်ကွယ်က OIC နဲ့ အမေရိကန် က သတ်ဖြတ်ခိုင်းနေတာ ဖြစ်ပါတယ်။ ငွေမျက်နှာ တစ်ခုသာ ကြည့်တဲ့ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတွေက ဘာသာရေးကိုလည်း မထောက်ထားပါဘူး။ ပညာရေးကိုလည်း မထောက်ထားပါဘူး။ OIC နဲ့ အမေရိကန် အတွက် NLD အုပ်စုဟာ ခိုင်းလို့ အကောင်းဆုံး ခိုင်းနွားတွေထက်ကို သာလွန်နေပါတယ်။ 


ဒီလို ဆက်စပ်မှုတွေကို ထောက်ထားနားလည်နိုင်ကြမယ်ဆိုရင် ယနေ့ တိုင်းပြည်တွင်းမှာ နိုင်ငံရေးပြဿနာ ကြုံတွေ့နေရခြင်းမဟုတ်ဘဲ ခေတ်သစ်ကိုလိုနီတွေရဲ့ ပူးပေါင်းကြံစည်မှုနဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးသမား ခိုင်းနွားတွေရဲ့ အကြမ်းဖက်မှုအဖြစ် သက်ဆိုင်ရာ တာဝန်ရှိသူများရော၊ ပြည်သူအများ နားလည်သဘောပေါက်လာကြမှာ ဖြစ်ပါတယ်။ သဘောကတော့ လူယုတ်မာတွေကိုမျိုးမဖြုတ်ရင် လူလိမ္မာတွေ မျိုးပြုတ်လိမ့်မယ်ဆိုတာ နားလည်နိုင်ကြပါစေကြောင်း .....


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)