နတ်တလင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၂၉)လုံး အမိုးလန်ပျက်စီးပြီး နေအိမ်(၂)လုံးပြိုလဲမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်တလင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၂၉)လုံး အမိုးလန်ပျက်စီးပြီး နေအိမ်(၂)လုံးပြိုလဲမှုဖြစ်ပွား

 




MNP - မေ   ၂၁


ပဲခူးတိုင်းတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့ပြီး ပြိုလဲမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


နတ်တလင်းမြို့နယ်အတွင်း ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့မရပ်ကွက်တွင် နေအိမ် (၁၁) လုံး၊ ရွာမရပ်ကွက်တွင် နေအိမ် (၄) လုံး အမိုးလန်ပျက်စီးခဲ့ပြီး နေအိမ် (၁) လုံး ပြိုလဲခဲ့ကာ ဇီးကုန်းကလေးရပ်ကွက်တွင် နေအိမ် (၁၄) လုံး အမိုးလန်ခဲ့ပြီး နေအိမ် (၁) လုံး ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။    


အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးခြင်းမရှိကြောင်းနှင့် လေဘေးသင့်မိသားစုများအား တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ဝေယံဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)