ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်လက်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်လက်ခံ

 


MNP - မေ  ၂၇


မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထကပုသိမ်ကြီး အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းကစတင်ကာ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံလျက်ရှိသည်။


ကျောင်းအပ်လက်ခံခြင်းကို အထက်တန်း၊ အလယ်တန်း၊ မူလတန်းတို့ကို တစ်ပြိုင်တည်း လက်ခံဆောင်ရွက်လျက်ရှိပြီး၊ မူလတန်းအတွက်အသက်(၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)တွင်အပ်နှံ၍ (၆)နှစ် အရွယ်ကလေးများကို ပထမတန်း (Grade-1)သို့ အပ်နှံရမည်ဖြစ် သည်။ကျောင်းအပ်နှံခြင်းအတွက် မိဘများအနေဖြင့်အခကြေးငွေပေးသွင်းစရာမလိုပဲ အခမဲ့အပ်နှံနိုင်ကြောင်းသိရသည်။


အထက ပုသိမ်ကြီးကျောင်းတွင် ကျောင်းအပ်လက်ခံခြင်းကို မေလ(၂၆)မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံနိုင်ရေး ရက် သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဇွန်လ(၂)ရက်နေ့မှစတင်ကာ ကျောင်းဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။


 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)