ပုဗ္ဗသီရိမြို့နယ်တွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်းဖွင့်လှစ် - MyanmarNationalPost

.com/img/a/

News Agency

demo-image

ပုဗ္ဗသီရိမြို့နယ်တွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်းဖွင့်လှစ်

 

37

36

35

MNP - မေ   ၁၆


ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်း (၅/၂၀၂၂)ကို ယနေ့နံနက်(၁၀)နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရီမြို့နယ်ရှိ သီရိရတနာ မူလတန်းကြိုကျောင်းခန်းမ၌ကျင်းပရာ နေပြည်တော် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။


 ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရာမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဟာ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ပြုစုပျိုးထောင်ပေးနိုင်ရန် အတွက် ရည်ရွယ်ပြီး ထိရောက်စွာသင်ကြားနိုင်ရန် သင်ရိုးညွှန်းတမ်း ရေးဆွဲခဲ့ပါကြောင်း၊ ယခုသင်တန်းကို တက်ရောက်လာကြတဲ့ သင်တန်းသား၊ သင်တန်းသူများအနေနဲ့ တက်တက်ကြွကြွ၊ ပျော်ပျော် ရွှင်ရွှင်၊ ချစ်ချစ်ခင်ခင်နဲ့ စိတ်ပါဝင်စားစွာ လေ့လာသင်ယူ ပေးကြရန်လိုကြောင်း၊ ဒီသင်ခန်းစာတွေကိုလေ့လာပြီး ကလေးငယ်များအား အနာဂတ်ရဲ့ ကြယ်ပွင့်ကလေးများဖြစ်အောင် ပြုစုပျိုးထောင်နိုင် ကြလိမ့်မယ်လို့ ယုံကြည်ပါကြောင်း၊ သင်ခန်းစာများအား ကြိုးစားသင်ယူမှတ်သားကြပြီး သင်တန်းကရလာတဲ့ အတွေ့အကြုံ ပညာရပ်တွေကိုအသုံးချကာ ကလေးငယ်လေးများ ဘဝတစ်လျှောက်လုံး ကောင်းမွန်သော ဘဝများဖြစ်အောင် စွမ်းဆောင်ပေးကြဖို့လိုကြောင်း ပြောကြားခဲ့သည်။


အဆိုပါ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ(အခြေခံ) သင်တန်း (၅/၂၀၂၂)ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များမှ သင်တန်းအားစိတ်ပါဝင်စားသူ သင်တန်းသား၊သင်တန်းသူ(၃၀)ဦးအား မေလ ၁၆ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။


သတင်း - မျိုးသီဟ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Pages