ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ တွေ့ဆုံပွဲ သန်လျင်၌ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ တွေ့ဆုံပွဲ သန်လျင်၌ကျင်းပ



MNP - မေ   ၂၅     


ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ကြီးများ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်မြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပ သည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက အမှာစကား ပြောကြားရာတွင် ဇွန် ၂ ရက်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသော သောက်သုံးရေများ လုံလောက်စွာရရှိရေး၊ ကိုဗစ်-၁၉ အန္တရာယ် ကြိုတင်ကာကွယ်နှိုင်ရေးအတွက် သတ်မှတ်ညွန်ကြားချက်များ အလေးထားလိုက်နာ ဆောင်ရွက်ရန်၊ ဆရာဆရာမကြီးများအနေဖြင့် စံနမူနာပြဖြစ်စေရေး ဆောင်ရွက်ရန်၊ ငွေကြေးကောက်ခံခြင်း လုံးဝမပြုလုပ်ရန်နှင့် နိုင်ငံတော်မှ ကျောင်းသားကျောင်းသူများအတွက် အခမဲ့ထောက်ပံ့သော ကျောင်းသုံးပစ္စည်းများ၊ ကျေင်းဝတ်စုံများ လက်ဝယ်အရောက် စနစ်တကျပေးအပ်ရန်၊ သင်ကြားရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများ စနစ်တကျ ကြိုးပမ်း ဆောင်ရွက်ကြရန် အသေးစိတ်ဆွေးနွေးမှာကြားသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွန်ကြားရေးမှူး(ပညာ)ဒေါ်ခင်သန်းဦးက ကျောင်းအပ်နှံရေး၊ သင်ကြားရေး၊ ကျောင်းအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ကျောင်းအုပ်ကြီးများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးမှာကြားသည်၊ ထို့နောက်တက်ရောက်လာကြသော ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများက ကျောင်းဖွင့်ရက်အမီ ကျောင်းသားကျောင်းသူများလက်ခံရေး၊ သင်ကြားရေး၊ သန့်ရှင်းရေးဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြရာ လုပ်ငန်းလိုအပ်ချက်များအား ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက်ခရိုင်ပညာရေးမှူး ဦးဘသန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ရန်ကုန်တောင်ပိုင်းခရိုင် ပညာရေးမှူး ဦးဘသန်းနှင့် တာဝန်ရှိသူများ၊ ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ မြို့နယ်ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ကြီးများ တက်ရောက်ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)