Pages

Pages

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် နေပြည်တော်ရှိ ဟိုတယ်တာဝန်ရှိသူများနှင့်တွေ့ဆုံ




MNP ၊ ဧပြီ ၂၃

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine ဟိုတယ်၌ ဟိုတယ်တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်၌ နိုင်ငံတကာအစည်းအဝေးများ၊ ဒေသတွင်း အစည်းအဝေး များနှင့် အာဆီယံအဆင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရန် နိုင်ငံတော်အစိုးရက ဇုန်နယ်မြေအလိုက် အကွက်ချ စီမံထားရှိကြောင်း၊ ဟိုတယ်များ၏ ရှိရင်းစွဲ တန်ဖိုးကို မြင့်မားလာအောင် နည်းလမ်းများ ရှာဖွေကြိုးပမ်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရှိရန် လိုအပ်ကြောင်း၊ ဟိုတယ်လုပ်ငန်းသည် ဝန်ဆောင်မှု ပေးရသော လုပ်ငန်းဖြစ်သည့်အတွက် ဟိုတယ်များ၏ မြေယာအခင်းအကျင်း ကောင်းမွန်ရေး၊ ပတ်ဝန်းကျင် သန့်ရှင်းလှပရေးနှင့် ဝန်ဆောင်မှုကောင်းမွန်ရေးတို့ကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။


နေပြည်တော်ကို မြန်မာနိုင်ငံ၏ စံပြမြို့တော်အဖြစ် အသိအမှတ်ပြု ထင်ကျန်စေရေး ဟိုတယ်များက ဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ကြောင်း၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်၍ နေပြည်တော်ရှိ ဟိုတယ်များ သန့်ရှင်းသာယာ လှပရေး လိုအပ်သည်များ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ အဆင့်အတန်းမီသော ဟိုတယ်များ ပေါ်ထွက်လာအောင် ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန်က မြို့တော် သန့်ရှင်းသာယာ လှပရေး ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဌာနမှူးများက ဟိုတယ်ဇုန်များအတွင်း လမ်းဘေး ဝဲ/ ယာရှိ မြေယာနှင့်ရှုခင်းများ စီမံဆောင်ရွက်နေမှု အခြေအနေများနှင့် သန့်ရှင်းသာယာလှပရေး ကူညီ ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များက ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များ၊ ဟိုတယ်များက လိုက်ပါလုပ်ဆောင်ရန် လိုအပ်သည်များနှင့် ဝန်ကြီးဌာနက ပံ့ပိုးဆောင်ရွက် ပေးသွားမည့် အစီအမံများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။


ယင်းနောက် နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့် တက်ရောက်လာကြ သူများက ဟိုတယ်များအလိုက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက် သွားမည့်အစီအစဉ်များ၊ ကူညီပံ့ပိုးပေးစေ လိုသော ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဟိုတယ်များ၏ မြေယာနှင့်ရှုခင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုကို ကြည့်ရှု ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment