စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ




MNP ၊ မေ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ် နှင့်အညီ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက စဉ့်ကူးမြို့ အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို အ.ထ.က(လက်ပန်လှ)မှ ကျောင်းသား၊ ကျောင်းသူလေးများက “ကျောင်းသွားကြမယ်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင် က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်း က ကျောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင် က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် နိုင်ငံတော်မှ ကျောင်းသားကျောင်းသူများအား အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံး ပုံနှိပ် စာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ကိုဗစ်ကာကွယ်ရေးပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူးသော်တာထွန်း၊ ရဲမှူး သက်စိုး၊ ဦးထွန်းညွန့်ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများထံ ပေးအပ်ခဲ့ရာ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းသား ကျောင်းသူလေးများက လက်ခံရယူခဲ့ကြသည်။ ယင်းနောက် အ.ထ.က(စဉ့်ကူး)မှ ကျောင်းသား၊ ကျောင်းသူလေးများက “တို့ကျောင်းတော်” သီချင်းဖြင့် သီဆိုကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းနှီးစွာ လိုက်လံ နှုတ်ဆက်ကာ အ.ထ.က(စဉ့်ကူး)တွင် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)