Pages

Pages

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ စစ်ဘေးရှောင်အိမ်ထောင်စု (၈၀၂) စုအတွက် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများထောက်ပံ့

 



MNP - မေ  ၂၆


မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ စစ်ဘေးရှောင်အိမ်ထောင်စု (၈၀၂) စုအတွက် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်း များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄) နာရီက မုံရွာမြို့ ရုံးကြီးရပ်ကွက်ရှိ ခိုးသန်းကျောင်းတိုက်၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ က ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မုံရွာမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူ (၂၀၇) ဦးအတွက် လူသုံးကုန်ပစ္စည်းများ၊ စားသာက်ကုန်ပစ္စည်းများ၊ အမျိုးသား၊ အမျိုးသမီး တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို ဒေသခံပြည်သူများလက်ဝယ်သို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ကိုင်းမြို့နယ်တွင် ၃၂၅ အိမ်ထောင်စု၊ ကန့်ဘလူ မြို့နယ်တွင် ၂၀၉ အိမ်ထောင်စုနှင့် ရွှေဘိုမြိူ့နယ်တွင် ၆၁ အိမ်ထောင်စုတို့အား သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီးလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment