Pages

Pages

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တက္ကသိုလ်/ဒီဂရီကောလိပ်များတွင် ကျောင်းသား/ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်


MNP ၊ မေ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များတွင် ကျောင်းသား/ ကျောင်းသူများ ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ကျောင်းသား/ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် နေပြည်တော် ကောင်စီအနေဖြင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကို တင်ပြပေးစေလိုကြောင်း၊ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးတာဝန် ဆောင်ရွက်ပေးရသည့် ဌာနအဖွဲ့အစည်းများအနေဖြင့်လည်း ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ် သည်များရှိပါက တင်ပြကြစေလိုကြောင်း၊ သက်ဆိုင်ရာကျောင်များအလိုက် အထိမ်းအမှတ်ပွဲများကို အစဉ်အလာမပျက် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက တက္ကသိုလ်/ ဒီဂရီ ကောလိပ်များတွင် ကျောင်းသား/သူများ ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး ဆောင်ရွက်ရမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများမှ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှုအခြေအနေနှင့် ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ထွန်းထွန်းဝင်

https://t.me/MyanmarNationalPost

No comments:

Post a Comment