ဧရာဝတီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍(၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် လုပ်အားဒါနပေးလှူခြင်းနှင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ဧရာဝတီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍(၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် လုပ်အားဒါနပေးလှူခြင်းနှင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

 

21

MNP - မေ   ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာရှိ သမိုင်းဝင် မဟာစေတီတော်မြတ်ကြီးအား ရေသပ္ပာယ်ခြင်း၊ ပရဝုဏ်အတွင်းရှိ ခြုံနွယ်မြက်ပင်များ ရှင်းလင်းဆောင်ရွက်ခြင်း၊ ရင်ပြင်တော်ပေါ်တွင် တံမြက်စည်းလှည်း သန့်ရှင်းရေးဆောင်ရွက်ခြင်း များကို ၂၀၂၂ခုနှစ်၊ မေလ(၁)ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ ဧရာဝတီတိုင်းဒေသကြီး တိုင်းမီးသတ် ဦးစီးမှူး ညွှန်ကြားရေးမှူး  ဦးအောင်ဆွေဝင်း၊  (ဒု-တိုင်းဦးစီးမှူး) ဒုတိယညွှန်ကြားရေးမှူး  ဦးသန်းထွန်းဦး၊ ခရိုင်ဦးစီးမှူး ဦးကျော်သူရ ၊ လ/ထညွှန်ကြားရေးမှူးနှင့် သန္ဓေတပ်ဖွဲ့ဝင် အင်အား (၁၀၀)၊  အရန်မီးသတ်တပ်ဖွဲ့ဝင် အင်အား (၅၀)မိသားစုစည်းရုံးရေး ကော်မတီမှ အင်အား (၇၅)ဦးတို့က စုပေါင်း လုပ်အားပေး ဆောင်ရွက်ခဲ့ကြသည်။

ယမန်နေ့၊ နံနက်ပိုင်းက ပုသိမ်မြို့၊ ဆရာဝန်များအသင်းခန်းမ၌ စုပေါင်းသွေးလှူဒါန်းပွဲကို ဆက်လက် ပြုလုပ်ရာ မီးသတ်ဦးစီးဌာနမ တာဝန်ရှိသူများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးတို့က စုပေါင်း သွေးလှူဒါန်းခြင်းကို ပုသိမ်မြို့၊ အထွေထွေရောဂါကုဆေးရုံနှင့် ပုသိမ်မြို့တောင်ပေါ်ရပ်ရှိ  စစ်အမြေပြင် ဆေးတပ်ရင်းတွင်လဲ သွေးလှူဒါန်းခြင်းများ  ပြုလုပ်ခဲ့ကြသည်။

အဆိုပါ သွေးလှူဒါန်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးစကားများ ပြောကြားခဲ့ကြသည်။

သွေးလှူဒါန်းကြသူများအား တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှူး ဦးအောင်ဆွေဝင်းနှင့် တာဝန် ရှိသူများက အဟာရဖြစ်စေမည့် ဆေးဝါးနှင့် ထောက်ပံပစ္စည်းများ ပေးအပ်ခဲ့ကြပြီး၊ လှူဒါန်း ကြသည့် သွေးအိတ်များကို ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးမှ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပေးအပ်ရာ ပုသိမ်မြို့ကုတင်(၅၀၀)ဆံ၊ ဆေးရုံအုပ်ကြီးဒေါက်တာကျော်ဇင်မှ လက်ခံရယူခဲ့ပြီး ဆေးရုံအုပ်ကြီးမှ တိုင်းမီးသတ် ဦးစီးဌာနမှူးအားဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်သည်။ ယမန်နေ့ သွေးလှူသည့် သွေးလှူရှင်စုစုပေါင်းမှာ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးရှိကြောင်း သိရသည်။

သတင်း - မြင့်ဟန်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Pages