ဘီးလင်းမြို့နယ် အထက(ဘီးလင်း)ကျောင်း၌ ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ် အထက(ဘီးလင်း)ကျောင်း၌ ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

 





MNP ၊ မေ ၂၁

မွန်ပြည်နယ်၊သထုံခရိုင် ဘီးလင်းမြို့နယ်တွင်  ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများစုပေါင်း၍ အထက(ဘီးလင်း)ကျောင်းအတွင်း၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်းသိရသည်။

 အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်း၏ ဦးဆောင်မှုဖြင့်

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့်ရပ်မိရပ်ဖများက ကျောင်းဝန်း အတွင်းရှိအမှိုက်သရိုက်များ၊ရေမြောင်းပတ်ဝန်းကျင်ရှိချုံနွယ်၊မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းများကို အင်အား ၂၀၀ခန့်ဖြင့် တပျော်တပါး စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

  


သတင်း - ထူးနောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)