ကိုလိုနီနယ်ချဲ့ လက်အောက်က မလွတ်မြောက်သေးတဲ့ လက်ပါးစေတွေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုလိုနီနယ်ချဲ့ လက်အောက်က မလွတ်မြောက်သေးတဲ့ လက်ပါးစေတွေ


၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်တယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွတ်လပ်ပင် လွတ်လပ်ငြားလည်း လွတ်လပ်ရေးရဲ့ အသီးအပွင့်ကို မခံစားရတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ အကျိုးကို ရှေးရှုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရဲ့ ဖိတ်ခေါ်ချက်မှာ မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး တွေ့ဆုံဆွေးနွေးကြမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနဲ့ အကြောင်းပြန်ပေးကြဖို့၊ တက်ရောက်ရာမှာလည်း ဆုံးဖြတ်ချက်ချနိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်ဖို့အတွက် ဥက္ကဋ္ဌများ တက်ရောက်ပေးကြဖို့ တလေးတစား ဖိတ်ခေါ်ခဲ့တာ ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

၁၃ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာလည်း ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၂ ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းကို အလေးအနက်ထားပြီး ပြောကြားခဲ့သလို ၁၄ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာလည်း ဒါကိုပဲ ထပ်ပြီး အလေးအနက်ထားပြောကြားသွားခဲ့ပါတယ်။ မေလ ၉ ရက်နေ့ မတိုင်မီမှာ တိုင်းရင်းသား လက်နက်ကိုင် ၂ဖွဲ့က တက်ရောက်ဆွေးမှာ မဟုတ်ကြောင်း ထုတ်ပြန်ချက်တွေ ထွက်လာခဲ့ပါတယ်။ အဲဒီ နှစ်ဖွဲ့ကတော့ KIA နဲ့ KNU ပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ ထုတ်ပြန်ချက်တွေမှာ မဲလိမ်မဲခိုး NLD အစိုးရကို ပြည်သူရွေးချယ်ထားတဲ့ အစိုးရအဖြစ် ထည့်သွင်းသုံးနှုန်းတာကို တွေ့ရသလို နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ အကြောင်းပြချက်တွေလည်း ထည့်သွင်းဖော်ပြထားတာကို တွေ့ရပါတယ်။ ဆိုတော့ သူတို့ကိုယ်တိုင် အကြမ်းဖက်သင်တန်းပေးပြီး လက်နက်ခဲယမ်းတွေ ထုတ်ပေးထားတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေရဲ့ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံရေးပြဿနာလို့ ရည်ညွှန်းချင်ဟန် တူပါရဲ့။ သို့ပေသော် တက်ရောက်မှာ မဟုတ်ဘူးဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ သူတို့ကိုယ်တိုင် ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပြီး သူတို့မွေးထုတ်လိုက်တဲ့ PDF အကြမ်းဖက်သမားလေးတွေကို ဗုဒ္ဓဘာသာဝင်များရဲ့ ကိုးကွယ်ရာ သံဃာတော်များနဲ့ ဗုဒ္ဓသာသနိက အဆောက်အဦများကို ပစ်မှတ်ထားတိုက်ခိုက်ဖို့အထိ ဘာသာရေးကို ပစ်မှတ်ထား တိုက်ခိုက်ခိုင်းတဲ့ လုပ်ရပ်တွေကတော့ အလွန်အင်မတန် အောက်တန်းကျတဲ့ လုပ်ရပ်တွေအဖြစ် မြင်တွေ့ခဲ့ရပါပြီ။ 

CRPH, NUG, PDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေက ဗုဒ္ဓဘာသာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်လာတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စနက်တစ်ခုကြောင့်ပဲလို့ပြောရင်တော့ မပြည့်စုံပါဘူး။ ၁၃ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်း ချပြခဲ့တဲ့ မှတ်တမ်းဓာတ်ပုံများထဲက ဓာတ်ပုံမှတ်တမ်းတစ်ခုမှာဆိုရင် PDF တွေကို ငွေကြေးရှာဖွေထောက်ပံ့ပေးနေတဲ့ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူ ပန်ဆယ်လို(ခ) အပျံမ ဟာ မွတ်စလင်အဖွဲ့အစည်းတွေက အလှူခံနေတဲ့ မှတ်တမ်းဓာတ်ပုံကို တွေ့ရသလို (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာတော့ PDF ကို အကြမ်းဖက်သင်တန်းပေးနေတဲ့ ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသားလက်ကိုင်တွေက ဗုဒ္ဓဘာသာ စေတီပုထိုးတွေပေါ်ကနေ ဘီယာသောက်ပြီး အပျော်အပျက် တိုက်ခိုက်မှုတွေ လုပ်နေသလို ဘုန်းတော်ကြီးကျောင်းဝင်းထဲကို ဒရုန်းသုံးပြီး ဗုံးပစ်ချခဲ့တဲ့ ဗွီဒီယို မှတ်တမ်းတွေကို ကြည့်လိုက်ကြရမယ်ဆိုရင် သဘောပေါက် နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်။

ဒီနေရာမှာ အပျံမနဲ့ ပတ်သက်လို့ ထည့်သွင်းပြောဆိုရခြင်းက မှတ်တမ်းဓာတ်ပုံမှာ သူမပုံနဲ့ တကွ ပါလာခြင်းကြောင့်သာ ထည့်သွင်းပြောဆိုရခြင်းက ဒီကောင်မလေးဟာ တိုင်းပြည်အတွက် ဘာမှအရေးမပါဘူးဆိုတာ မှန်ပေမယ့် တိုင်းဖျက်ပြည်ဖျက် လုပ်တဲ့နေရာမှာ အရေးပါအရာရောက်အောင် ငွေကြေးပံ့ပိုးပေးထားတဲ့အခါကြတော့ အဖျက်စွမ်းအားကောင်းတဲ့ လက်နက်တမျိုးလိုဖြစ်နေတယ်။ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို တို့ တိုင်းပြုပြည်ပြု ဘာလုပ်လဲလို့ မေးရင် နောက်ဖေးလမ်းကြားဥယာဉ်လုပ်တာလောက်ပဲ အထင်အရှားတွေ့ရပါလိမ့်မယ်။ သူတို့ကို အမေရိကန်၊ အိုအိုင်စီ အစရှိတဲ့ မြန်မာပြည်ပျက်သုဉ်းရေးကို အစဉ်းတစိုက်ကြိုးပမ်းနေသူတွေကတော့ အဖျက်စွမ်းအားပြင်းတဲ့ လူသားလက်နက်တွေအဖြစ် အသုံးချနေခြင်းဖြစ်ပါတယ်။ ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေဖြစ်အောင် လှုံ့ဆော်နိုင်တယ်၊ သံဃာတော်တွေကို သတ်ဖြတ်အောင် လှုံ့ဆော်နိုင်တယ်။ ဆရာ/ဆရာမတွေကို သတ်ရဲဖြတ်ရဲအောင် လှုံ့ဆော်နိုင်တဲ့ အခြေအနေမျိုးထိရောက်အောင် ပံ့ပိုးပေးထားကြတာကို နားလည်ဖို့ဖြစ်ပါတယ်။


လေးလေးနက်နက် စဉ်းစားသုံးသပ်ကြည့်မယ်ဆိုရင် NLD ကနေ ပေါက်ဖွားလာတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေဟာ နိုင်ငံပေါင်းစုံရဲ့ အခိုင်းခံ အကြမ်းဖက်အဖွဲ့တွေမျှသာ ဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်အဖွဲ့အစည်းတွေက ဖန်တီးနေတဲ့ ပြဿနာကို နိုင်ငံရေးပြဿနာလို့ လူရာသွင်းချင်တဲ့ သူတွေဟာလည်း ဖော်ပြပါ အကြမ်းဖက်အဖွဲ့တွေနဲ့ အလိုတူ အလိုပါတွေပဲ ဖြစ်နေတာကို သုံးသပ်မိကြပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်ခဲ့ကြတယ်။ ပန်းတိုင်ကို မရောက်ခဲ့ကြဘူး။ ဘာကြောင့် ဒီလောက်ခက်ခဲနေတာလဲဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။ အကြောင်းတရားတွေ ဆက်စပ်ကြည့်လိုက်မယ်ဆိုရတော့ ကျွန်တော်တို့ တိုင်းပြည်ဟာ လွတ်လပ်ရေးရပြီးဖြစ်သော်လည်း တချို့သော ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေမှာ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်ရဲ့ သြဇာခံ၊ ခေတ်သစ် နယ်ချဲ့ဝါဒီတွေဖြစ်တဲ့ အမေရိကန်၊ အိုအိုင်စီ တို့ရဲ့ သြဇာခံဘဝနဲ့ တိုင်းရင်းသားပြည်သူအချင်းချင်း ပြဿနာရှာ ရန်လိုအမုန်းပွားအောင်ဖန်တီးပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ဖန်တီးနေကြတုန်း ဖြစ်တယ်ဆိုတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

ပထမတစ်ချက် မေလ ၉ ရက်နေ့မှာ တက်ရောက်ဆွေးနွေးမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်လို့ သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ကို မေးခွန်ပေးပို့ မေးမြန်းရာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက NCA စာချုပ် လက်မှတ်ရေးထိုးပြီး (၇)ဖွဲ့နဲ့ လက်မှတ်မထိုးရသေးသော (၃)ဖွဲ့ တက်ရောက်ဆွေးနွေးမှာဖြစ်ကြောင်း၊ တက်ရောက်ဆွေးနွေးမှာ မဟုတ်ဘူးဆိုတဲ့ အဖွဲ့တွေနဲ့ ပတ်သက်လို့တော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့တွေရဲ့ ဒေသခံတိုင်းရင်းသားတွေနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအပေါ်မှာ သူတို့ရဲ့ သဘောထားကို တွေ့မြင်ရတာပါပဲ လို့ အရိပ်အမြွက်မျှသာ ပြောပါတယ်။

ဒီစကားကို ဆက်စပ်ပြီး ၁၆-၅-၂၀၂၂ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကြိုဆိုထောက်ခံကြောင်းနဲ့ ပြည်ပစွက်ဖက်နှောက်ယှက်မှုများအား ကန့်ကွက်ရှုတ်ချပွဲမှာ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ ကို တွေ့ဆုံမေးမြန်းရာမှာ "ဒါကတော့ အမေရိကန်၊ အိုအိုင်စီ၊ အနောက်အုပ်စုရဲ့ သြဇာခံဆိုတာကို ကွဲကွဲပြားပြား မြင်လိုက်ရခြင်းပါပဲ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုတော့ အဖွဲ့လိုက် အပိုင်းလိုက် ဆောင်ရွက်သွားရင် အောင်မြင်မှာပါ။" လို့ သုံးသပ်ပြောဆိုပါတယ်။

ဒုတိယအချက်အနေနဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောစကား၊ ဦးလှဆွေရဲ့ သုံးသပ်ချက်တွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဆရာဦးခင်မောင်ဆွေနဲ့ တွေ့ဆုံမေးမြန်းရာမှ ဆရာရဲ့ တိုက်တွန်းချက်က "မိမိတို့ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ပေါ်ရောက်ခဲ့တဲ့ မူလရည်ရွယ်ချက်တွေဖြစ်တဲ့ တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးဆိုတဲ့ ရည်ရွယ်ချက်တွေကို အရေး(၃)ပါး မူဘောင်ထဲကနေ ဆွေးနွေးအဖြေရှာလို့ ရတယ်။ နိုင်ငံခြားတိုင်းပြည်တွေရဲ့ ပယောဂကြောင့် မိမိတို့ရဲ့ မူလရည်မှန်းချက်တွေကို မျက်ကွယ်ပြုလိုက်တာမျိုး မဖြစ်သင့်ဘူး" လို့ ဆရာဦးခင်မောင်ဆွေက သုံးသပ်ပြောဆိုထားပါတယ်။ ဒီကောက်နှုတ်ချက်တွေက ဆိုလိုရင်းကို ကောက်နှုတ်ဖော်ပြခြင်းပဲ ဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ဖိတ်ခေါ်တဲ့အခါကြတော့ လွတ်လပ်ရေးဖခင်ကြီးလို့ တင်စားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က NCA စာချုပ်ကို အလျဉ်စလို လက်မှတ်မထိုးကြဖို့ ပြောခဲ့တာကို မှတ်မိကြလိမ့်မယ်ထင်ပါတယ်။ ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေးအတွက် ဦးဆောင်တိုက်ပွဲဝင်ခဲ့သူ တစ်ယောက် ဖြစ်သော်ငြားလည်း သူ့သမီးသည် ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်ရဲ့ လက်အောက်ကို ပြန်လည်ကျရောက်သွားတဲ့အခါမှာ လွတ်လပ်ရေးရဲ့ အသီးအပွင့်ကို တိုင်းရင်းသားပြည်သူများ မခံစားရအောင် နယ်ချဲ့အစိုးရရဲ့ အာဘော်ကို လိုက်ပါဖော်ဆောင်ပေးရတယ်ဆိုတာ သိသာထင်ရှားတဲ့ အချက်ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့က သတင်းမီဒီယာအဖြစ် ရပ်တည်နေသူတွေဖြစ်တယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွေကို ငြိမ်းချမ်းရေးလိုလားတဲ့ ပြည်သူတွေ အချိန်နဲ့ တပြေးညီ သိရှိပြီး ပီတိဖြစ်နိုင်အောင် ဖော်ပြပေးခြင်းတယ်။ သို့ပေသော် မြန်မာပြည်ငြိမ်းချမ်းမှာကို မလိုလားတဲ့ အနောက်အုပ်စုရဲ့ သြဇာခံ လက်ပါးစေမီဒီယာတွေက ကောင်းမွန်မှန်ကန်တဲ့ လုပ်ရပ်တွေ ဖြစ်နေစေအုံးတော့ သူတို့ရဲ့ အလိုဆန္ဒနဲ့ မကိုက်ညီတဲ့အခါ၊ သူတို့ကို ထောက်ပံ့ပေးထားတဲ့ အမေရိကန်၊ အင်္ဂလန်၊ အိုအိုင်စီ အစရှိတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေရဲ့ လိုလားချက်မျိုး မဟုတ်တဲ့အခါ အများပြည်သူ အထင်အမြင်လွဲမှားအောင် ဖန်တီးရေးသားတာမျိုးတွေ ရှိနေတဲ့အခါကြတော့ ကောင်းမွန်မှန်ကန်တဲ့ ကိစ္စတိုင်းကို ပွင့်လင်းမြင်သာစွာ အများပြည်သူကို ချပြလို့ မရတဲ့ အခြေအနေမျိုးဖြစ်နေတာကို တွေ့ရပါတယ်။ 

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့လည်း အများပြည်သူကို အသိပေးပြောကြားချင်တာတွေ ရှိမှာပေါ့။ ဒါပေမယ့် သူတို့ဆွေးနွေးတယ်၊ သဘောတူညီချက်ယူတယ်၊ ဘာမှမပြောဘဲ ပြန်သွားကြတယ်။ အဓိကတော့ ပြည်ဖျက်မီဒီယာတွေက ပြည်သူအများအပေါ် လွှမ်းမိုးထားတဲ့အခါ ဆိတ်ဆိတ်နေခြင်းသာ အကောင်းဆုံးလို့ သဘောပိုက်ပြီး ပြန်သွားကြခြင်းပဲဖြစ်ပါလိမ့်မယ်။ ငြိမ်းချမ်းရေးကိုလိုလားလို့ ပြည်သူများရဲ့ ဆန္ဒကို ထင်ဟပ်ပြနိုင်တဲ့ မီဒီယာတွေက ပြည်သူကြားကို တိုးမပေါက်နိုင်သေးပါဘူး။ ဒါတွေကို ဋီကာချဲ့မနေပါဘူး။ အနောက်အုပ်စုရဲ့ ငွေကြေးအင်အားနဲ့ ဖန်တီးထားတဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ အားကို နိုင်ငံတော်ပိုင်မီဒီယာနဲ့ ခြေဖျက်ဖို့တောင် မလွယ်တဲ့ အခြေအနေမျိုး ရင်ဆိုင်နေရတာကိုကြည့်ရင် သဘောပေါက်ကြပါလိမ့်မယ်။

ဆိုလိုရင်းဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ ပန်းတိုင်ကို ဘာကြောင့်မရောက်သလဲဆိုတဲ့ အဖြေကို ပြည်သူအများသိအောင် စာရေးသူအနေနဲ့ ချပြလိုခြင်းပဲ ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးဖိတ်ခေါ်တော့ ဒေါ်စုက ဖျက်တယ်။ ဒေါ်စု သူကိုယ်တိုင် ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီး ၂၁ရာစု ပင်လုံဆိုပြီး ကြီးကျယ်ခမ်းနားအောင် ဖန်တီးလုပ်ဆောင်ပေမယ့် နိုင်ငံတော်ဘဏ္ဍာတွေသာ အဟောသိကံဖြစ်ရတယ်။ တိုင်းရင်းသားလက်နက်ကိုင် (၂)ဖွဲ့ပဲ NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ 

ဆရာဦးခင်မောင်ဆွေရဲ့ သုံးသပ်ပြောကြားချက်ကို ပြန်လည်ကောက်နှုတ်ပြီး ပြောရမယ်ဆိုရင် တန်းတူအခွင့်အရေးရဖို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့ဆိုတဲ့ လိုလားချက်တွေ ဆွေးနွေးအဖြေရှာပြီး အကောင်အထည်မဖော်ဘဲ အကြမ်းဖက်အုပ်စုနဲ့ ပေါင်းပြီး ပြည်ပက တောင်းစားနေရတဲ့ အခြေအနေတစ်ခုမှာ ဘာကြောင့်ရပ်တည်နေကြသလဲ။

အဖြေကတော့ - 

အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ပြီဆိုတာနဲ့ ပြည်ပအဖွဲ့အစည်းတွေက အလျှိုလျှိုရောက်လာကြပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မသွားကြဖို့၊ တက်ရောက်ဆွေးနွေးခြင်းမပြုဖို့၊ မယုံကြည်ဖို့ နည်းမျိုးစုံနဲ့ လာပြီး ဖိအားပေးကြတော့တာပါပဲတဲ့။ ထုတ်ပြန်ချက်တွေမှာ နိုင်ငံရေးစကားလုံးတွေနဲ့ ကြီးကြီးကျယ်ကျယ် ဋီကာချဲ့ပြီး ထုတ်ပြန်ပြောဆိုလာလို့ အဟုတ်ကြီးတော့ မထင်လိုက်ပါနဲ့။ ဒီအချက်အလက်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တစ်ဦးရဲ့ ပြောပြချက်တွေကို ကိုးကားပြီး အများပြည်သူ သိရှိနားလည်နိုင်စေဖို့ ရေးသားပြဆိုခြင်း ဖြစ်ပါတယ်။ 

နိုင်ငံရေးစကားတွေကို ဟန်လုပ်ပြီး ကြီးကြီးကျယ်ကျယ် ပြောလေ့ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့၊ ခေါင်းဆောင်တစ်ယောက်လုပ်နေပြီး ကလေကဝလို ပေါက်ကရရေးတင်တတ်တဲ့ တိုင်းရင်းသားလက်ကိုင်ခေါင်းဆောင်တချို့ဟာ သူ့ဆန်စား ရဲရ ဆိုသလို ပေးသမျှကမ်းသမျှ ရယူစားသုံးထားတဲ့အခါမှာ ပေးကမ်းထောက်ပံ့သူတို့ရဲ့ သြဇာကို မလွန်ဆန်သာတဲ့အတွက် ငြိမ်းချမ်းရေးစားပွဲဝိုင်းကို မရောက်နိုင်ပါဘူး။ မူးယစ်ဆေး စွဲနေသူတွေဟာ မူးယစ်ဆေးရမှ နေသာထိုင်သာ ရှိပါတယ်။ မူးယစ်ဆေး ပြတ်လပ်သွားတဲ့အခါမှာ စိတ်ရိုင်းဝင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ မူးယစ်ဆေး ဖြတ်လိုသူဟာ မိမိစိတ်ကို ပိုင်နိုင်မှသာ မူးယစ်သားကောင်ဘဝကနေ လွတ်မြောက်နိုင်ပါတယ်။ ထို့အတူပါပဲ နိုင်ငံတကာက ပေးသမျှ ကမ်းသမျှကို အရသာ တွေ့နေသူတွေဟာ သောက်လေ သောက်လေ ငတ်မပြေ၊ ရလေ လိုလေ အိုတစ္ဆေ ဆိုတာမျိုး ဒီအပေါ်မှာ သာယာနေသ၍ ငြိမ်းချမ်းရေးစားပွဲဝိုင်းနဲ့ အလှမ်းဝေးနေကြအုံးမှာပါပဲ။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဟာ ဘာကြောင့်မအောင်မြင်ခဲ့သလဲ၊ ငြိမ်းချမ်းရေးပန်းတိုင်ကို ဘာကြောင့် မရောက်တာလဲ ဆိုတဲ့ အကြောင်းတရားတွေကို ပြည်သူအများ သိရှိထားမယ်ဆိုရင် ငြိမ်းချမ်းရေးစကားဝိုင်းကို မလာဘဲ လေလုံးထွား ဘေးထိုင် ဘုပြောနေသူတွေဟာ ကိုလိုနီနယ်ချဲ့တွေရဲ့ လက်အောက်က မလွတ်မြောက်သေးတဲ့ လက်ပါးစေတွေ ဆိုတာကို သိရှိနားလည်သွားမှာ ဖြစ်ပါတယ်။ 

ကိုလိုနီနယ်ချဲ့တွေရဲ့ လက်ပါးစေအဖြစ်နဲ့ လွတ်လပ်ရေး၊ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး စကားလုံးတွေ ဖောင်းပွနေမယ့်အစား ယုတ္တိရှိရှိ မိမိတို့ဒေသခံပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ မိမိတို့လိုလားချက်ကို ဆွေးနွေးအဖြေရှာလိုက်ခြင်းက လက်တွေ့ကျတဲ့ လုပ်ရပ်ဖြစ်သလို ငြိမ်းချမ်းရေးပန်းတိုင်ကိုလည်း ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ ထပ်ဆင့် တိုက်တွန်းလိုတာကတော့ ဒေသခံတိုင်းရင်းသားပြည်သူကို ကိုယ်စားပြုပြီး ရပ်တည်နေသလိုလိုနဲ့ တိုင်းတပါးလက်ပါးစေဖြစ်နေတဲ့ ခေါင်းဆောင်တွေကို ဒေသခံပြည်သူများအနေနဲ့က ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ရောက်အောင် မိမိတို့ရဲ့ လိုလားချက်တွေကို ပြောဆိုတိုက်တွန်းကြမှာဖြစ်ကြောင်း အကြံပြုလိုက်ရပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)