ဘူးသီးတောင်မြို့၌မိုးရာသီကာလ "ရေ ဘေးအန္တရာယ်"ရွေ့ပြောင်းကယ်ဆယ်ရေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌မိုးရာသီကာလ "ရေ ဘေးအန္တရာယ်"ရွေ့ပြောင်းကယ်ဆယ်ရေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြအခမ်းအနား ကျင်းပ






MNP ၊ မေ ၃၁

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော် မတီမှဦးဆောင်၍သဘာဝဘေးအန္တ ရာယ်ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလျင်မြန်ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက်ယနေ့ မွန်းလွဲ ( ၂)နာရီအချိန်ကဘူးသီးတောင်မြို့ ပန်ဇင်းချောင်းတံတားအောက်စုရပ်ထားရှိကာ"ရေဘေးအန္တရာယ်"ရွေ့ပြောင်းကယ်ဆယ်ရေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြအခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။


 အဆိုပါဇာတ်တိုက်လေ့ကျင့်ဆောင် ရွက်ရာ၌ မြို့နယ်မီးသတ်ဦးစီးမှူးဦးထွန်းဝင်းနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊WDAB အနောက်တံခါးလူမှုကူညီရေးအသင်းဝင်များ၊ရွှေဘူးသီးလူမှုကူညီရေးအသင်းဝင်များပူးပေါင်း၍ သဘာဝဘေး အန္တရာယ်ကျရောက်လာပါကမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင် ရွက်နိုင်ရန်နှင့်ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များကိုအချိန်နှင့်တပြေးညီလျင်မြန်ထိရောက်စွာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင် ရွက်နိုင်ရန်ဇာတ်တိုက်လေ့ကျင့်မှုဆောင် ရွက်ခြင်းဖြစ်ကြောင်သိရသည်။


 ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မုန့်၊ရေသန့်ဗူးများနှင့်မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဉီးစီးဌာနမှ ဘေး ( ၅)မျိုးပါဝင်သောလက်ကမ်းစာစောင် (၃၅၀) စောင်တို့ကိုဖြန့်ဝေပေးခဲ့သည်။


 သရုပ်ပြအခမ်းအနားသို့သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြကာပြည်သူလူထုများကလည်ပူးပေါင်း ပါဝင်ပြီး မိုးရာသီကာလ "ရေဘေးအန္တရာယ်"ရွေ့ပြောင်းကယ် ဆယ်ရေးသဏ္ဌာန်တူဇာတ်တိုက်လေ့ ကျင့်မှုသရုပ်ပြဆောင်ရွက်ခဲ့ကြောင်းသိရသည်။


သတင်း - လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)