ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒဂုံတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒဂုံတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲပြုလုပ်




MNP - မေ  ၁၉


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပညာ‌ရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဒဂုံတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က  ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဒဂုံတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားအား မြကျွန်းညိုညို သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန်ဦးဗိုလ်ဌေးက ဒဂုံတက္ကသိုလ် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား နွေးထွေးလှိုက်လှဲစွာကြိုဆိုပါကြောင်း နှုတ်ခွန်းဆက် ပြောကြားခြင်းနှင့် ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက်ရောက်ကြမည် ကျောင်းသား/သူမျာအား တက္ကသိုလ် ကျောင်းတော်ကြီးမှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုလျက်ရှိရာ ပညာသင်နှစ်အလိုက် သင်တန်းများအား (၁၂-၅-၂၀၂၂) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း ဒဂုံတက္ကသိုလ်၌ စာသင်ကြားပေးမှု၊ စာသင်ဆောင်များ ပြင်ဆင်ထားရှိမှုနှင့် ကျောင်းသား/သူများ လိုက်နာရမည့်စည်းကမ်းချက်များတို့အား ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များနှင့် တက္ကသိုလ် ကျောင်းသား/သူများအား မိတ်ဆက်ခဲ့ကြပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန်ဦးဗိုလ်ဌေး၊ အရှေ့ပိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒဂုံတက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် ဌာနအသီးသီးမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၂၀၈၇)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)