ဖျာပုံမြို့နယ်၊ အမာမြို့ ကျင်ကြီးဒေါင့်ကျေးရွာ မီးဘေးသင့်ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဖျာပုံမြို့နယ်၊ အမာမြို့ ကျင်ကြီးဒေါင့်ကျေးရွာ မီးဘေးသင့်ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

 

68

MNP - မေ   ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့ ကျင်ကြီးဒေါင့်ကျေးရွာ မီးဘေးသင့် ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါကျေးရွာ စာသင်ကျောင်းတွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျင်ကြီးဒေါင့်ကျေးရွာတွင် မီးဘေးကြောင့် ပျက်စီးသွားသော နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများအား အိမ်ထောင်စုအလိုက် တိုက်ဆိုင်စိစစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ လဝကမှူး ဦးဇော်နိုင်နှင့် ဝန်ထမ်းများမှ ကျင်ကြီးဒေါင့်ကျေးရွာ စာသင်ကျောင်းရှိ မီးဘေးသင့်ပြည်သူများ ထားရှိရာ နေရာသို့ ကွင်းဆင်း၍ အသက် (၁၆)နှစ်မှ အသက် (၁၈)နှစ်ပြည့်ပြီး သူနိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ (၂၀)ဦးနှင့် မီးလောင်မှုကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီးသွားသူ ကျား (၂၇)ဦးနှင့် မ (၂၀)ဦး၊ စုစုပေါင်း (၆၇)ဦးတို့အား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။

သတင်း - အောင်ဝင်းနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages