စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး ပြည်နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး ပြည်နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 


38

39

40


MNP - မေ   ၂


မြို့နယ်ပညာရေးမှူးများနှင့် အထက်တန်းကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး ပြည်နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။ 


ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ ဗဟိုအဆင့် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၂ခုနှစ် ဧပြီ(၂၁)ရက်မှ (၂၄)ရက်နေ့အထိ (၄)ရက်ကြာ အခြေခံပညာဦးစီးဌာန နေပြည်တော်တွင် ကျင်းပခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် ခရိုင်ပညာရေးမှူးများအားလုံး တက်ရောက်ကြရပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)အနေဖြင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့်တကွ တောင်ကြီး၊ လွိုင်လင်၊ လင်းခေးခရိုင်ပညာရေးမှူးရုံးများမှ ခရိုင်ပညာရေးမှူးများ တက်ရောက်ခဲ့ပါကြောင်း၊ ယခုနေ့တွင် ပြည်နယ်အဆင့်စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် မေလ(၂)ရက်မှ(၃)ရက်နေ့အထိ အ.ထ.က(၁) တောင်ကြီးမြို့တွင် ကျင်းပမှာဖြစ်ပြီး ဗဟိုအဆင့်တွင် တက်ရောက်ခဲ့ကြသည့် ခရိုင်ပညာရေးမှူး(၃)ဦး နည်းပြအဖြစ်ပြန်လည်ဆွေးနွေးပို့ချမှာဖြစ်၍ (၁) မြို့နယ်လျှင် မြို့နယ်ပညာရေးမှူးနှင့် အထက်တန်း ကျောင်းအုပ်ကြီး(၄)ဦးစီ တက်ရောက်ကြရပြီး ဆွေးနွေးတက်ရောက်သူ စုစုပေါင်း (၁၀၅)ဦးဖြစ်ကြောင်း၊ မြို့နယ်အဆင့် စီမံခန့်မှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲကို မေလ(၆)ရက်မှ (၇)ရက်နေ့အထိ သက်ဆိုင်ရာမြို့နယ်အသီးသီးတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်အဆင့် တက်ရောက်ခဲ့ကြသည့် မြို့နယ်ပညာရေးမှူးများနှင့် အထက်တန်းကျောင်းအုပ်(၁၀၅)ဦးက ပြန်လည်ဆွေးနွေးပို့ချမည်ဖြစ်ပြီး အထက်တန်းကျောင်းအုပ်(၆၇)ဦး၊ အလယ်တန်းကျောင်းအုပ်(၃၁၅)ဦး၊ မူလတန်း ကျောင်းအုပ်(၂၅၀၁)ဦး၊ စုစုပေါင်း (၂၈၈၃)ဦး ဆွေးနွေးတက်ရောက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


အလုပ်ရုံဆွေးနွေးပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် အထက်တန်းကျောင်းအုပ်ကြီးများ တက်ရောက်ကြကြောင်း သိရှိရသည်။


သတင်း - မောင်မောင်သန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages