Pages

Pages

ရွှေဘိုတက္ကသိုလ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

 




MNP - မေ   ၂၅


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်နှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရန်၊ သစ်တောသစ်ပင်၏ တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ်ဓါတ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇နာရီခွဲက ရွှေဘိုတက္ကသိုလ် ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်သို့ ရွှေဘိုတက္ကသိုလ် ဒုပါမောက္ခချုပ်ဒေါက်တာတင်တင်ရီ၊ ပါမောက္ခများ၊ ကထိကများ၊ သင်တန်းရေးရာဌာနမှူးများ၊ ဆရာဆရာမများကျောင်းသားကျောင်းသူများ၊ ခရိုင်မြို့နယ် သစ်တောဝန်ထမ်းများ တက်ရောက်ခဲ့ပြီး မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်ကျော်အောင်က တက်ရောက်လာသော  ဒုပါမောက္ခချုပ်တို့ထံ စိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်ခဲ့ပြီး၊ တက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်ပျိုးပင်များကို တစ်ပြိုင်နက် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။


အဆိုပါမိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် နှစ်ပေအမြင့်ထက် သစ်ပျိုးပင်များဖြစ်သည့် ကုက္ကိုလ်၊ စိန်ပန်း၊ ငုရွှေဝါ၊ မယ်ဇယ်၊ စုစုပေါင်း(၃၀၀) ပင်စိုက်ပျိုးခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment