ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)သို့ သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

 






MNP - မေ   ၁၈


ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းကစိုက်ပျိုးရေးသိပ္ပံ (ဇွဲကပင်)သို့သွားရောက်ပြီး ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်မည့်တည်ဆောက်ရေးလုပ်ငန်းများနှင့် မြေနေရာများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။


ထိုသို့သွားရောက်ကြည့်ရှုရာတွင် စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်တွင်) မွေးမြူရေးဘာသာ ရပ်များ သင်ကြားနိုင်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အဦများ တည်ဆောက်မည့်မြေနေရာများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။


အလားတူ ကရင်ပြည်နယ်အတွင်း စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ် တပ်ဖွဲ့စု(၃၁)မှ တပ်ဖွဲ့စုမှူးနှင့်တပ်ဖွဲ့ဝင်များအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌  ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ် (၁၀)သိန်းကို တပ်ဖွဲ့စုမှူးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။


ထို့အတူ ကရင်ပြည်နယ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးနာယက၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေးကို မေလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နေပြည်တော်တွင်ကျင်းပမည့် (၂၃)ကြိမ်မြောက် အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကို ကရင်ပြည်နယ် အနေဖြင့် သွားရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ဆုတံဆိပ်များရရှိနိုင်ရေးအတွက် ဦးစီးကော်မတီများ၊ လုပ်ငန်းကော်မတီများဖွဲ့စည်း၍ ယခုအစည်းအဝေးကိုခေါ်ယူရခြင်းဖြစ်ကြောင်း၊ အဆင့်လေးဆင့် သတ်မှတ်ထားပြီး လိုအပ်သောကြိုတင်ပြင်ဆင်မှုများကို အချိန်ယူလေ့ကျင့်ဆောင်ရွက်ထားဖို့လိုကြောင်း၊ ပြိုင်ပွဲအမျိုးအစားအလိုက် အဆင့်ဆင့်စိစစ်ရွေးချယ်၍ လိုအပ်သည့်စခန်းသွင်းလေ့ကျင့်မှုများဆောလျင်စွာ ဆောင်ရွက်ကာ ဗဟိုအဆင့်ပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်စေလိုကြောင်း ပြောကြား သည်။


ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်နယ်အဆင့်ပြိုင်ပွဲများကျင်းပ၍ ဗဟိုအဆင့်ပြိုင်ပွဲကို အဆင့်အတန်းမီစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ဆုတံဆိပ်များရရှိနိုင်ရေးအတွက် တင်ပြဆွေးနွေးခဲ့ကြပြီး ကရင်ပြည်နယ် အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအတွင်းရေးမှူးများက ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)