Pages

Pages

ငါန်းဇွန်မြို့နယ် ပေါက်အိုင်ကုန်းကျေးရွာ၌ မိုးရာသီအကြိုသစ်ပင်စိုက်ပွဲကျင်းပ

 






MNP - မေ   ၂၄


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် ရွာသစ်ကျေးရွာအုပ်စု ပေါက်အိုင်ကုန်းကျေးရွာ ဇေယျသုခဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ယနေ့နံနက် ၈ နာရီအချိန်က သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လှပရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ မိုးရာသီအကြိုသစ်ပင်စိုက်ပွဲကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမျိုးနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ NGO အသင်းအဖွဲ့များ စုစုပေါင်းအင်အား (၁၂၀) ဦးခန့်သည် စိန်ပန်း(၃၀)ပင်၊ မယ်ဇလီ (၄၀)ပင်၊ တမာ(၄၀)ပင်၊ ကုက္ကို (၄၀)ပင်၊ ဘန်ဒါ (၂၀)ပင်၊ ယူကလစ် (၂၀)ပင်နှင့် မယ်ဇယ် (၁၀)ပင် စုစုပေါင်း (၂၀၀)ပင်အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


သတင်း - သက်နောင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment