Pages

Pages

ဥတ္တရသီရိမြို့နယ်တွင် စိုက်ပျိုးရေးထုတ်ကုန်တိုးတက်မြင့်မားရေး ဆွေးနွေးပွဲကျင်းပ



MNP - မေ   ၂၄


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မောင်းရမ်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ စိုက်ပျိုးရေးထုတ်ကုန်တိုးတက်မြင့်မားရေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အဆိုပါကျေးရွာတောင်သူအသိပညာပေးစင်တာ (KC) ၌ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းမှ စိုက်ပျိုးရေးထုတ်ကုန် တိုးတက်မြင့်မားရေးနှင့်ပတ်သတ်၍ အဖွင့်အမှာစကားပြောကြားသည်။


ဆက်လက်၍ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးမျိုး၊ နေပြည်တော်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယုယုအေး၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မြမြလွင်တို့က ဌာနအလိုက်လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲမြတ်သိန်းနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများက စိုက်ပျိုးရေးထုတ်ကုန်တိုးတက်မြင့်မားရေးကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ဒေသခံတောင်သူများက မိမိတို့ ကျေးရွာအုပ်စုအတွင်း ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ၊ စိုက်ပျိုးရေးမွေးမြူရေးဆိုင်ရာလိုအပ်ချက်များကို တင်ပြဆွေးနွေးရာ သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - ကျော်စွာဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment