တာ့ခ်ခရိုင် လှိုင်ဂူတစ်ခုအတွင်းမှာ ပုန်းအောင်းနေသော တရားမဝင် မြန်မာအလုပ်သမား၂၅ ဦး ဖမ်းဆီးခံရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာ့ခ်ခရိုင် လှိုင်ဂူတစ်ခုအတွင်းမှာ ပုန်းအောင်းနေသော တရားမဝင် မြန်မာအလုပ်သမား၂၅ ဦး ဖမ်းဆီးခံရ




MNP ၊ မေ ၂၄

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထဆောင်ယမ်မြို့နယ် ဘန့်မဲဝေ့ဖိုခီကျေးရွာအနီးမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် အလုပ်သမားတွေ မှောင်ခိုလုပ်ငန်းမှာ သုံးပြုလေ့ရှိတဲ့ လှိုင်ဂူတစ်ခုအတွင်းမှာ ပုန်းအောင်းနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၅ဦးကို ထိုင်းအာဏာပိုင်တွေက ဒီကနေ့မှာ တွေ့ရှိဖမ်းဆီးသွားကြောင်း သိရသည်။

ထိုင်းနိုင်ငံ အမှတ် (၃၅) အထူးခြေမြန်တပ်ရင်းက သွားရောက်စစ်ဆေးရာမှာ တရားမဝင်အလုပ်သမား သုံးဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ထိုသုံးဦးထဲက တစ်ဦးဟာ တရားမဝင်အလုပ်သမားမှောင်ခိုတင်သွင်းအမှုနဲ့ အမှုဖွင့်ခံထားရတဲ့သူဖြစ်ပြီး အမှုအာမခံနဲ့ ပြစ်ဒဏ်မပေးခံရဘဲ တရားမဝင် အလုပ်သမားမှောင်ခိုတင်သွင်းတဲ့ လုပ်ငန်းမှာ ပြန်လည်ပါဝင်လာခဲ့ကြောင်း၊ ထိုင်းအာဏာပိုင်တွေက ထပ်မံစစ်ဆေးရှာဖွေမှုပြုလုပ်ရာမှာ အဲဒီလှိုင်ဂူအတွင်းမှာ တရားမဝင်မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၁၅ဦးနဲ့ အမျိုးသမီး ၁၀ဦးနဲ့အတူ သူတို့ကို သယ်ယူပို့ဆောင်တဲ့ ကားလေးစီးနဲ့ ဆိုင်ကယ်တစ်စီးကိုပါ တွေ့ရှိသွားကြောင်း သိရသည်။

ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမိတဲ့သူတွေကို စစ်ဆေးဖို့နဲ့ တရားဥပဒေအရ ဆောင်ရွက်ဖို့ ထဆောင်ယမ်မြို့မရဲစခန်းကို ပို့ဆောင်ထားကြောင်း သိရသည်။


Ref : Migrant Times

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)