Pages

Pages

သန်လျင်မြို့နယ်ရှိ ကျေးလက်နေပြည်သူများအတွက် လူသုံးကုန်ပစ္စည်းများပြုလုပ်နည်း သင်တန်းဖွင့်လှစ်



MNP - မေ   ၂၄


သန်လျင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး မိသားစုဝင်ငွေတိုးစေရေး ဒေသဖွံ့ဖြိုးရေးတို့အတွက် ကျေးရွာများတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများဖွင့်လှစ်ပေးလျက်ရှိသည်။


သန်လျင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုဦးစီးဌာနတို့ ပူးပေါင်း၍ မေ ၂၃ ရက်နေ့က သန်လျင်မြို့နယ် ဘယက်ကျေးရွာတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော ဆပ်ပြာရည်၊ ခေါင်းလျော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်ရာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူက သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော်က သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြသည်။ အဆိုပါသင်တန်းအား မေ ၂၇ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment