အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ မောင်တောမြို့နယ်အတွင်းရှိ မြိုတိုင်းရင်းသားအိမ်ထောင်စု(၅၄)စုအား ဗုဒ္ဓရုပ်ပွားတော်များနှင့် ကျောင်းဝတ်စုံ၊ ဆန်၊ ဆီ၊ ဆား ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ မောင်တောမြို့နယ်အတွင်းရှိ မြိုတိုင်းရင်းသားအိမ်ထောင်စု(၅၄)စုအား ဗုဒ္ဓရုပ်ပွားတော်များနှင့် ကျောင်းဝတ်စုံ၊ ဆန်၊ ဆီ၊ ဆား ထောက်ပံ့ပေးအပ်














မောင်တော     မေ  ၂၄

ရခိုင်ပြည်နယ်၊မောင်တောခရိုင် ၊ မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာအုပ်စု ၊ မြိုယုရွာသို့ အနောက်ပိုင်းတိုင်း စစ် ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် ထင်လတ်ဦး ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီး  ဦးအောင်မျိုး ၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတင်လှ နှင့် အဖွဲ့ သည် ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာသို့ ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် ခဲ့ကြသည်။ 

ရှေးဦးစွာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး နှင့် အဖွဲ့သည် ကျောက်ပန္ဒူကျေးရွာအုပ်စု ၊ မြိုယုရွာ သို့ ရောက်ရှိကာ ကျေးရွာတွင် ယာယီ (အမက) ကျောင်းဆောင် ဆောက်လုပ်ရန်အတွက်  ပန္နက်ရိုက် မင်္ဂလာအခမ်း အနား တက်ရောက်ခဲ့ကြသည်။ ထို့နောက်  ကျောက်ပန္ဒူကျေးရွာအုပ်စု ၊ မြိုယုရွာသူ/သားများအား ဗုဒ္ဓရုပ်ပွားတော် နှင့် ကျောင်း ဝတ်စုံများ ထောက်ပံ့သည့် အခမ်းအနားသို့ တက်ရောက်ကြရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တိုင်းရင်းသား လူမှုရေးရာဝန်ကြီး ဦးတင်လှ တို့က က အဖွင့်အမှာစကားပြောကြားခဲ့ကြသည်။ 

ယင်းနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး နှင့် တာဝန်ရှိသူများက မြိုတိုင်းရင်းသားအိမ်ထောင်စု(၅၄)စုအား နေအိမ်၌ ဆည်းကပ်ပူဇော်နိုင်ရေးအတွက်  ဗုဒ္ဓဆင်းတုတော် များနှင့် ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံများ ၊ ဆန် ၊ဆီ ၊ဆား ၊သကြား ၊ကြက်သွန် ၊ကုလားပဲ စသည့် စားနပ်ရိက္ခာများအား ကျေးရွာသူ/သားထံသို့ အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။ 


သတင်း - သက်လွင်စိုး 

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)