မောင်တော မေ ၂၄
ရခိုင်ပြည်နယ်၊မောင်တောခရိုင် ၊ မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာအုပ်စု ၊ မြိုယုရွာသို့ အနောက်ပိုင်းတိုင်း စစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီး ဦးအောင်မျိုး ၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတင်လှ နှင့် အဖွဲ့ သည် ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာသို့ ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် ခဲ့ကြသည်။
ရှေးဦးစွာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး နှင့် အဖွဲ့သည် ကျောက်ပန္ဒူကျေးရွာအုပ်စု ၊ မြိုယုရွာ သို့ ရောက်ရှိကာ ကျေးရွာတွင် ယာယီ (အမက) ကျောင်းဆောင် ဆောက်လုပ်ရန်အတွက် ပန္နက်ရိုက် မင်္ဂလာအခမ်း အနား တက်ရောက်ခဲ့ကြသည်။ ထို့နောက် ကျောက်ပန္ဒူကျေးရွာအုပ်စု ၊ မြိုယုရွာသူ/သားများအား ဗုဒ္ဓရုပ်ပွားတော် နှင့် ကျောင်း ဝတ်စုံများ ထောက်ပံ့သည့် အခမ်းအနားသို့ တက်ရောက်ကြရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တိုင်းရင်းသား လူမှုရေးရာဝန်ကြီး ဦးတင်လှ တို့က က အဖွင့်အမှာစကားပြောကြားခဲ့ကြသည်။
ယင်းနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး နှင့် တာဝန်ရှိသူများက မြိုတိုင်းရင်းသားအိမ်ထောင်စု(၅၄)စုအား နေအိမ်၌ ဆည်းကပ်ပူဇော်နိုင်ရေးအတွက် ဗုဒ္ဓဆင်းတုတော် များနှင့် ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံများ ၊ ဆန် ၊ဆီ ၊ဆား ၊သကြား ၊ကြက်သွန် ၊ကုလားပဲ စသည့် စားနပ်ရိက္ခာများအား ကျေးရွာသူ/သားထံသို့ အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်း - သက်လွင်စိုး
#MyanmarNationalPost
No comments:
Post a Comment