မုံရွာမြို့ ကန်သာယာကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ၃၀ ရာခိုင်နှုန်းကျော်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့ ကန်သာယာကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ၃၀ ရာခိုင်နှုန်းကျော်ပြီးစီး




MNP - မေ   ၂၆


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန် ပုံငွေများဖြင့် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်တာဝန်ယူပြီး မုံရွာမြို့ ကန်သာယာကန် ဖွံ့ဖြိုးတိုးတက်ရေးနှင့်သာယာလှပရေး လုပ်ငန်းများကို မတ်လ ၂၁ ရက်နေ့မှ စတင်ကာ ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ အဆင့်မြှင့်တင်ခြင်းလုင်ငန်းများ ၃၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ပြောကြားသည်။


အဆိုပါ မုံရွာမြို့ ကန်သာယာကန် ဖွံ့ဖြိုးတိုးတက်ရေးနှင့်သာယာလှပရေး လုပ်ငန်းများအဖြစ် အရှေ့ဘက်ကန်သာယာကန်မှာရှိတဲ့ ရာပြည့်ကပ်ကျော်စေတီတော်ကျွန်းတွင် အရှည်ပေ ၂၃၀၀ ခန့်ရှိသော ကျောက်ရိုးစီမြေထိန်းနံရံပြုလုပ်ခြင်း၊ အာစီကျောက်ထုတ်လောင်းခြင်း၊ ရာပြည့်ဘုရားရင်ပြင်တော်တစ်ခုလုံး ၁၃၇၀၀ စတုရန်း‌ပေရှိ နေပူခံစကျင်ကျောက်ပြားများ ခင်းခြင်းနှင့် ကရဝိတ်သွပ်အမိုးမိုးခြင်း၊ (၄၈၈)‌ပေခန့်ရှိ ကရဝိတ်စတီးရွှေသွပ်ပန်းတပ်ဆင်ခြင်း၊ ပြည်ထောင်စုကျွန်းပတ်လည်တွင် အရှည်ပေ ၂၂၅၀ ခန့်ရှိသော ကျောက်ရိုးစီမြေထိန်းနံရံ ပြုလုပ်ခြင်း၊ အာစီကျောက်ထုတ်လောင်းခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးအတွက် လူအား၊ စက်ယန္တရားများ အသုံးပြု ဆောင်ရွက်လျက်ရှိသည်။


ထို့အပြင် အနောက်ဘက် ကန်သာယာကန် ဖွံ့ဖြိုးတိုးတက်ရေးနှင့်သာယာလှပရေး လုပ်ငန်းများအဖြစ် အကျယ်အဝန်း (၄၃.၅)ဧကရှိ အနောက်ဘက်ကန်သာယာကန်တွင်  ၅၂၂၇၂၀၀ကုဗပေရှိသော ရေများကို အင်ဂျင်ပန့်သုံး၍ အရှေ့ဘက်ကန်သာကန်သို့ ရေစုပ် ထုတ်ခြင်း၊ ပျမ်းမျှအနက် ၄ပေတူးဖော်၍ ၆၆၂၁၁ကျင်းခန့် တာဘောင်မြေဖို့ခြင်း၊ မြေညှိခြင်းနှင့် စက်ကြိတ်ခြင်း၊ အတွင်းပတ်လမ်းဧရိယာ ၅.၅ဧက ဖော်ဆောင်ခြင်း၊  ၁.၅ ဧကခန့်ရှိ ကျွန်းတစ်ကျွန်းနှင့် ဝ.၇၅ဧကခန့်ကျွန်းတစ်ကျွန်း စုစုပေါင်း၂.၂၅ဧက ဖော်ဆောင်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၃၀ ရာခိုင်းနှုန်းကျော်ပြီး စီးလျက်ရှိကာ ကန်အကျယ်အဝန်း (၄၃.၅)ဧက အနက် ၇ ပေရှိ မူလသိုလှောင်ရေပမာဏ ဂါလံ ၂.၁၂ သန်း ထက် ကန်အကျယ်အဝန်း(၃၅.၇၅)ဧကရှိ ကန်ရေပြင်အား အနက်(၄)ပေတူး၍ ပတ်လမ်းနှင့် ကျွန်းများ‌ဆောင်ရွက်ပြီးပါက သိုလှောင်မှုရေပမာဏမှာ ဂါလံပေါင်း ၂.၇၄ သန်းခန့်ရှိလာမည်ဖြစ်၍ မူလထက် သိုလှောင်နိုင်မည့်ရေပမာဏ ဝ.၆၂သန်းရှိ လာမည် ဖြစ်ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)