ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် သံဃာတော် ၁၀၂၆၄ ပါးတို့ကို ပစ္စည်းလေးပါး လောင်းလှူပွဲ၊ ရတနာပုံဥယျာဉ်ဖွင့်ပွဲနှင့် မဟာသင်္ကြန်ဖွင့်ပွဲတို့တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုဆုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် သံဃာတော် ၁၀၂၆၄ ပါးတို့ကို ပစ္စည်းလေးပါး လောင်းလှူပွဲ၊ ရတနာပုံဥယျာဉ်ဖွင့်ပွဲနှင့် မဟာသင်္ကြန်ဖွင့်ပွဲတို့တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုဆုချီးမြှင့်


MNP ၊ မေ ၁၇

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် သံဃာတော် ၁၀၂၆၄ ပါးတို့ကို ပစ္စည်းလေးပါးလောင်းလှူပွဲ၊ ရတနာပုံ ဥယျာဉ်ဖွင့်ပွဲနှင့် မဟာသင်္ကြန်ဖွင့်ပွဲတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဂုဏ်ပြုချီးမြှင့်ခံရသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် သံဃာတော် ၁၀၂၆၄ ပါးတို့ကို ပစ္စည်းလေးပါးလောင်းလှူပွဲ၊ ရတနာပုံဥယျာဉ်ဖွင့်ပွဲနှင့် မဟာသင်္ကြန် ဖွင့်ပွဲတို့တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား အထိမ်းအမှတ်ပစ္စည်းများ ပေးအပ်ကြရာ ဂုဏ်ပြုချီးမြှင့်ခြင်းခံရသူများ ကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။  

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က  တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ဂုဏ်ပြုချီးမြှင့်ခြင်းခံရသူများအား  ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)