ကျောက်တန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

 


MNP -  မေ   ၃၁


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့မအခြေခံပညာ အထက်တန်းကျောင်း ရွှေသံလွင်ခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်က အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး မျိုးသက်နောင်နှင့် အဖွဲ့ဝင် (၂) ဦးစိုးမြင့်ကျော်မှ ကျောင်းနေအရွယ်ကလေးများအားလုံး အခမဲ့ကျောင်းအပ်နှံနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦးမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံနှင့် ကိုဗစ်ကာကွယ်ရေးပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးဘုန်းခန့်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူး မျိုးသက်နောင်၊ ဦးစိုးမြင့်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား/သူများထံ ပေးအပ်ခဲ့သည်။


ဆက်လက်၍ အလှူရှင်များမှ ကျောင်းအတွက် အလှူငွေများပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက လက်ခံခဲ့ကြောင်းသိရသည်။


သတင်း - ဒေါ်အိသန္တာချို


မြန်မာနေရှင်နယ်ပို့စ်

 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)