Pages

Pages

မိုင်းဆတ်မြို့၌ နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရန်လျာထားမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - မေ   ၂၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရန်လျာထားမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ဆီထွက်သီးနှံသည် အခြေခံစားသောက်ကုန်ဖြစ်သည်နှင့်အညီ ဆီဖူလုံရေးသည် အရေးပါကြောင်း၊ နေကြာသီးနှံသည် ဆီထွက်သီးနှံဖြစ်သည့်အတွက် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရန်လျာထားမှုအား ရာနှုန်းပြည့် စိုက်ပျိုးအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း အမှာစကားပြောကြားသည်။


ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလွင်က မိုင်းဆတ်မြို့ ဒေသခံတောင်သူ(၂၀)ဦးဖြင့် မိုးရာသီနေကြာသီးနှံဧက (၄၀) စိုက်ပျိုးရန် လျာထား ကြောင်း၊ မျိုးစေ့အနေဖြင့် ဒေသမျိုးနှင့် စပ်မျိုးများစိုက်ပျိုးသွားရန် စီစဉ်ဆောင်ရွက် ထားကြောင်း၊ ခရိုင်ချုပ်အနေဖြင့် နေကြာသီးနှံစိုက်ပျိုးရန် (၂၉၈)ဧက စိုက်ပျိုးရန်လျာထားကြောင်း ဆွေးနွေးတင်ပြခဲ့သည်။


ထို့နောက် အစည်းအဝေးတက်ရောက်သူများက မိုးရာသီ နေကြာသီးနှံ စိုက်ပျိုးရန်လျာထားချက်နှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်လင်းက စိုက်ပျိုးမှု နည်းစနစ်များ၊ သီးနှံအထွက်နှုန်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - မြင့်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment