နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့ တိုးတက်ပြောင်းလဲဖြစ်ပေါ်မှုအရ ခရိုင်(၄၆) ခရိုင်အား တိုးချဲ့ပြင်ဆင်ဖွဲ့စည်း - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့ တိုးတက်ပြောင်းလဲဖြစ်ပေါ်မှုအရ ခရိုင်(၄၆) ခရိုင်အား တိုးချဲ့ပြင်ဆင်ဖွဲ့စည်း

009010


MNP ၊ မေ ၁

နိုင်ငံတော်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ယခုထက် ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ ၊ ၂၈၄ (ခ) တို့နှင့်အညီ မူလက ခရိုင်(၇၅)ခရိုင်ဖြင့် ဖွဲ့စည်းထားရှိရာမှ ၂၀၂၂ခုနှစ်၊ ဧပြီလ ၃၀ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ်၊ ၃၁၉/၂၀၂၂၊ ၃၂၀/၂၀၂၂၊ ၃၂၁/ ၂၀၂၂၊ ၃၂၂/ ၂၀၂၂၊ ၃၂၃/ ၂၀၂၂၊ ၃၂၄/ ၂၀၂၂၊ ၃၂၅/ ၂၀၂၂၊ ၃၂၆/ ၂၀၂၂၊ ၃၂၇/ ၂၀၂၂၊ ၃၂၈/ ၂၀၂၂၊ ၃၂၉/ ၂၀၂၂၊ ၃၃၀/ ၂၀၂၂၊ ၃၃၁/ ၂၀၂၂၊ ၃၃၂/ ၂၀၂၂၊ ၃၃၃/ ၂၀၂၂ တို့ဖြင့် ခရိုင်(၄၆)ခရိုင်အား ထပ်မံတိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။


ထိုသို့ ခရိုင်အသစ်များ ထပ်မံတိုးချဲ့မှုများအနက် နေပြည်တော်၏ မူလဖွဲ့စည်းမှုတွင် ဥတ္တရခရိုင် ၊ ဒက္ခိဏခရိုင် တို့အပြင် ပျဉ်းမနားခရိုင် ၊ ဇေယျာသီရိခရိုင်တို့အား အသစ်ထပ်မံတိုးချဲ့ဖွဲ့စည်းကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၏ မူလဖွဲ့စည်းမှုတွင် အရှေ့ပိုင်းခရိုင် ၊ အနောက်ပိုင်းခရိုင် ၊ တောင်ပိုင်းခရိုင် ၊ မြောက်ပိုင်းခရိုင်တို့အပြင် ဗိုလ်တထောင်ခရိုင် ၊ ဒဂုံမြို့သစ်ခရိုင် ၊ တွံတေးခရိုင် ၊ ကျောက်တံတားခရိုင် ၊ မရမ်းကုန်းခရိုင် ၊ ကမာရွတ်ခရိုင် ၊ တိုက်ကြီးခရိုင် ၊ လှည်းကူးခရိုင် ၊ မှော်ဘီခရိုင် ၊ မင်္ဂလာဒုံခရိုင်တို့အား အသစ်ထပ်မံတိုးချဲ့ဖွဲ့စည်းကြောင်း၊ မန္တလေးတိုင်းဒေသကြီး၏ မူလဖွဲ့စည်းမှုတွင် မန္တလေးခရိုင် ၊ ပြင်ဦးလွင်ခရိုင် ၊ ကျောက်ဆည်ခရိုင် ၊ မြင်းခြံခရိုင် ၊ ညောင်ဦးခရိုင် ၊ ရမည်းသင်းခရိုင် ၊ မိတ္ထီလာခရိုင်တို့အပြင် သပိတ်ကျင်းခရိုင် ၊ တံတားဦးခရိုင် ၊ အောင်မြေသာဇံခရိုင် ၊ အမရပူရခရိုင်တို့အား အသစ်ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း သိရသည်။


သို့ဖြစ်ပါ၍ မူလက ခရိုင်(၇၅)ခရိုင် ဖွဲ့စည်းထားရာမှ ခရိုင်(၄၆)ခရိုင်ကို အသစ်ထပ်မံ တိုးချဲ့ဖွဲ့စည်းခဲ့သည့်အတွက် စုစုပေါင်းခရိုင် (၁၂၁) ခရိုင်ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages