ရွှေတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား စတင်ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား စတင်ထုတ်ချေးပေး



MNP - မေ   ၁၉


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများအား ယမန်နေ့ (၃:၀၀)နာရီက စတင်ပြီး မင်းတဲကျွန်းကျေးရွာအုပ်စုအတွင်းရှိ  တောင်သူ (၅)ဦးကို ချေးငွေ (၄၀၅၀၀၀၀) သိန်းအား စတင်ထုတ်ချေးပေးလျက်ရှိသည်။ 


ရွှေတောင်မြို့နယ်အတွင်းရှိ တောင်သူများ ၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ကျေးရွာအုပ်စု (၄၈)အုပ်စုရှိ ခန့်မှန်းတောင်သူ (၉၂၀၀)ဦး၊ မိုးရာသီ စိုက်ပျိုး ဧက (၄၈၄၀၀)ဧကကို တစ်ဧကလျှင် တစ်သိန်းခွဲနှုန်း ထုတ်ချေးပေးသွားမည်ဖြစ်ပြီး အတိုးနှုန်းတစ်နှစ်လျှင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း ချေးငွေကျေပြီးသော တောင်သူများကို ဦးစားပေး ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာသီသီလှိုင်က ပြောကြားသည်။


ယခုနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးခြင်းနှင့် ပြန်လည်ပေးဆပ်သော တောင်သူများကို လက်ခံခြင်းအား တစ်ပြိုင်တည်း လက်ခံဆောင်ရွက်ပေးလျက်ရှိရာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) မူရင်း၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ချေးငွေစိစစ်ရေး အတွင်းရေးမှူး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏ အတည်ပြု ထောက်ခံချက်ဖြင့် စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။


သတင်း - ကိုကိုမင်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)