ဝက်လက်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ခံစားရသူအိမ်ထောင်စုများထံ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝက်လက်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ခံစားရသူအိမ်ထောင်စုများထံ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်




MNP - မေ  ၂၉


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်းရှိ သရက်ချိုကျေးရွာနှင့် ရွာတော်ကုန်းကျေးရွာများ၌ ၂၀၂၂ ခုနှစ် ဧပြီ ၂၈ရက်၊ ဧပြီ ၃၀ရက်နေ့နှင့် မေ ၃၀ရက်နေ့များတွင် မီးဘေးသင့်အိမ်ထောင်စု(၃)စုနှင့် မိုးကြိုးစက်ကွင်းမိ၍ ဒဏ်ရာရရှိသူ (၁)ဦးထံသို့ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး ရွှေဘိုခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ချောစုက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီးနောက် မီးဘေးသင့်အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါပုံး (၁)ပုံးနှုန်းဖြင့်(၃)ပုံး၊ ဆန်ရိက္ခာငွေကျပ် ၂၃၁၀၀(ကျပ်နှစ်သောင်းသုံးထောင့် တစ်ရာတိတိ)၊ အိမ်ဆောက်ပစ္စည်းအတွက်ငွေကျပ်၅၀၀၀၀၀(ကျပ်ငါးသိန်းတိတိ)၊ အဝတ် Mask (၂၀)ခုနှင့် မိုးကြိုးစက်ကွင်းမိ၍ ဒဏ်ရာရရှိသူတစ်ဦးအတွက် ငွေကျပ် ၅၀၀၀၀ (ကျပ်ငါးသောင်းတိတိ)တို့ကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြရာ လှထွေကျေးရွာအုပ်ချုပ်ရေးမှူးက မီးဘေးသင့်အိမ်ထောင်စုဝင်များနှင့် မိုးကြိုးစက်ကွင်းမိ၍ ဒဏ်ရာရရှိသူများ ကိုယ်စားလက်ခံရယူခဲ့ကြောင်း သိရသည်။


ထို့နောက် မီးဘေးသင့်အိမ်ထောင်စုဝင်များနှင့် မိုးကြိုးစက်ကွင်းမိ၍ ဒဏ်ရာရရှိသူများကိုယ်စား လှထွေကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)