သုံးခွမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးခွမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး




MNP - မေ   ၁၇


ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဟေမဇလာကျေးရွာနေတောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


အဆိုပါမိုးစပါးထုတ်‌ချေး‌ငွေထုတ်ချေးပေးရာတွင် ၂၀၂၁ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်‌ချေးငွေများအကျေပေးဆပ်ပြီးသည့်‌ တောင်သူများအား ထုတ်‌ချေးပေးခြင်းဖြစ်ပြီး တစ်ဧကကျပ်တစ်သိန်းခွဲနှုန်းဖြင့် တောင်သူများအားထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။ ယမန်နေ့ကထုတ်ချေးပေးသည့်‌ ဟေမဇလာကျေးရွာတောင်သူ(၃၈)ဦးအား (၃၃၂)ဧကအတွက် ကျပ်(၄၉၈)သိန်းကို ထုတ်ချေးပေးခဲ့ပြီး အတိုးနှုန်းမှာငွေကျပ် ၁၀၀/-လျှင် တစ်နှစ်‌ငါးရာခိုင်နှုန်းတိုးဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးသိန်းဇော်ဝင်းထံမှ သိရသည်။


ချေးငွေများထုတ်ချေးရာတွင်လည်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်နှင့်အညီ စနစ်တကျထုတ်ချေးပေးလျက်ရှိကြောင်းသိရှိရသည်။


သတင်း - စည်သူလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)