ပေါင်မြို့နယ် အလှပ်ကျေးရွာရှိ ဘေးသင့်ပြည်သူများအား မွန်ပြည်နယ်ဝန်ကြီးချုပ် က ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် အလှပ်ကျေးရွာရှိ ဘေးသင့်ပြည်သူများအား မွန်ပြည်နယ်ဝန်ကြီးချုပ် က ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်








MNP ၊ မေ ၂၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အဦပျက်စီးဆုံးရှုံးခဲ့သည့် ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို မေ ၂၅ ရက် နံနက် ၁၀ နာရီခန့်က အလှပ်ကျေးရွာ တိပိဋကာရာမဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းမှ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များမှ လှူဒါန်းသည့် ငွေကျပ်(၉၁)သိန်းတန်ဖိုးရှိ  သွပ်အချပ်ရေ(၁၀၀၀)၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေစုစုပေါင်း (၄၀၈၁၃၀၀)ကျပ်နှင့် ပြိုကျနေအိမ် (၅)လုံးအတွက် ငွေကျပ်(၂၃၀၁၈၀)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပုံး(၅)ပုံးနှင့် ဘုန်းတော်ကြီးကျောင်းသုံးကျောင်းအတွက် ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ် ၁၂ သိန်းနှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ငွေကျပ်(၃)သိန်း စုစုပေါင်းထောက်ပံ့ငွေကျပ်သိန်း ၁၄၀ နီးပါး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးမြတ်သွင်တို့မှ ထောက်ပံ့ပေးအပ်ခဲ့ကြရာ ဘေးသင့်ပြည်သူများကိုယ်စား တာဝန်ရှိသူများမှ လက်ခံရယူပေးခဲ့ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငွေကျပ်သိန်း ၁၂၀ ကျော်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများကို လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်များနှင့် တစိတ်တပိုင်းပျက်စီးနေအိမ်များမှ ဘေးသင့်အိမ်ထောင်စုများ၊ ဘာသာရေးကျောင်းသုံးကျောင်း၊ ဒဏ်ရာရလူနာတစ်ဦးတို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ဘေးသင့်ပြည်သူများကိုယ်စား အလှပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းတင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)