Pages

Pages

ပေါက်ခေါင်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP ၊ မေ ၂၆

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအတွက်မြို့နယ်ဆင့်ဌာနဆိုင်ရာများ အစည်းအဝေးဆွေးနွေးပွဲကို ယမန် နေ့မွန်းလွဲ ၂ နာရီကကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က စတင်ဆွေးနွေးပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားမှုဖြင့် မြို့နယ်အတွင်း နွေစပါးနှင့်ဆီထွက်သီးနှံနေကြာကို ကိုတိုးချဲ့စိုက်ပျိုးနိုင်ရန်၊စိုက်ပျိုးမြေအားလုံးတွင် မြေလွတ်မထားရှိပဲ သီးနှံတစ်မျိုးမျိုးစိုက်ပျိုးနိုင်ရေး၊ဇွန်လ ၂ ရက်နေ့တွင်အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ အသက် ၅ နှစ်မှ ၁၂ နှစ် ကြား ကျောင်းသား၊ကျောင်းသူများနှင့်ကျောင်းပြင်ရှိပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ဆေးထိုးစုရပ်များကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်နှင့်အပတ်စဉ်စု‌ပေါင်းသန့်ရှင်းရေးဆောင်ရွက်သည့်အခြေအနေများကို  ဦးစွာရှင်း လင်းပြောကြားသည်။

ဆက်လက်၍ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပက်သက်၍  စိုက်ပျိုးရေးဦးစီး ဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျေးလက်ဦးစီးဌာနနှင့်အခြားဌာနများမှ    သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးအကြံပြုဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ က လိုအပ်သည်များကိုဖြည့်စွက်မှာကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment