Pages

Pages

ဒိုက်ဦးမြို့၌ သာသနဓဇဓမ္မာစရိယဘွဲ့ရ ဆရာတော်၏ ဂုဏဝိသိဌပူဇာ မင်္ဂလာ ကျင်းပ




MNP - မေ  ၂၃


သာသနဓဇဓမ္မာစရိယဘွဲ့ ရတော်မူသော ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ မင်းတဲရပ်ကွက်၊ မြို့သစ်(က)ဝေဠုဝန် ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဝါယမ၏ ဂုဏဝိသိဌပူဇာမင်္ဂလာ အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်သည်။


အခမ်းအနားတွင် ဧည့်ပရိသတ်များမှ မြို့နယ်သံဃပဝါရဏာ အဖွဲ့၏ မဟာနာယက မအူတောကျောင်း ဆရာတော် ဥူးဝိမလထံမှ ငါးပါးသီလ ဆောက်တည်ခြင်းနှင့် သြဝါဒကထာ တရားနာယူကြသည်။


ဆက်လက်၍ ဘွဲ့တံဆိပ်တော်ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က လည်းကောင်း၊ ဘွဲ့တံဆိပ် စာချွန်တော်ဗူးကို မြို့နယ်သာသနာရေးမှူး ဦးအောင်ညွန့်ဝင်းက လည်းကောင်း၊ ဘွဲ့တံဆိပ်တော်တုံးကို အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်း က လည်းကောင်း ဆရာတော် ဘဒ္ဒန္တဝါယမထံသို့ အသီးသီးဆက်ကပ်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက သာသနာတော်ဆိုင်ရာ များကို လျှောက်ထားပြီး ဆရာတော်ကြီးများမှ သြဝါဒကထာ တရားတော်များ ဟောကြားခဲ့ကြောင်း သတင်းရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment