ညောင်ဦးမြို့နယ်တွင် ပန်းခင်းစီမံချက်နှင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် ပူပေါင်းပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် ပန်းခင်းစီမံချက်နှင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် ပူပေါင်းပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုပွဲကျင်းပ

 




MNP - မေ  ၃၁


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်နှင့်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် ရာနှုန်းပြည့် ပြီးစီးအောင် ပူးပေါင်းဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုခြင်းနှင့်ဂုဏ်ပြု လက်မှတ်များပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲအချိန်၌ ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ညောင်ဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင်အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌ ဦးနန်းတင့်မှ ညောင်ဦးမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် ရာနှုန်းပြည့်ပြီးစီးအောင် ပူပေါင်း ပါဝင် ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုပွဲကျင်းပပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။ ပြီးနောက် ပန်းခင်းစီမံချက်နှင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် ရာနှုန်းပြည့်ပြီးစီးအောင် ပူပေါင်းပါဝင် ဆောင်ရွက်ခဲ့သူများအား အကျွေးအမွေးဖြင့်ဧည့်ခံကာ ဂုဏ်ပြုလက်မှတ်များချီးမြှင့်ပေးအပ်ခြင်းနှင့် အဝတ်အထည်၊ Hand Gel ၊ Mask ဘူး၊ ဗီတာမင်အားဆေးများလက်ဆောင် ပေးအပ်ခဲ့ကြောင်းသိရသည်။


အဆိုပါအခမ်းအနားသို့ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ဌာနဆိုင်ရာ များတက်ရောက်ခဲ့ ကြောင်းသိရသည်။


 သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)