မက်မန်း၌ ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သော (အာဟာရကြက်ဥ)များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်း၌ ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သော (အာဟာရကြက်ဥ)များ ထောက်ပံ့ပေးအပ်

 





MNP - မေ   ၁၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သော (အာဟာရကြက်ဥ) ထောက်ပံ့ပေးအပ်ပွဲကို ၂၀၂၂ခုနှစ်၊ ယမန်နေ့ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ ကြောင်းသိရသည်။


ရှေးဦးစွာ အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သော(အာဟာရကြက်ဥ)ထောက်ပံ့ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ အမှတ်(၁၀၁၀)နယ်ခြားစောင့်တပ် တပ်မှူးဗိုလ်မှူးစိုင်းယီက အဖွင့်အမှာစကား ပြောကြားခြင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများအတွက် ပေးအပ်သည့် (အာဟာရကြက်ဥ)များအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းမှ လက်ခံရယူပြီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများအတွက်ပေးအပ်သည့် (အာဟာရကြက်ဥ)များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းလင်းအောင်မှ အသီးသီး လက်ခံရယူခဲ့ကြောင်း သိရသည်။


အဆိုပါ အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သော(အာဟာရကြက်ဥ)များကို အမှတ်(၁၀၁၀) နယ်ခြားစောင့်တပ် တပ်မှူးဗိုလ်မှူးစိုင်းယီမှ မက်မန်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ခရိုင်/မြို့နယ် ဝန်ထမ်း(၃၆၀)ဦးတို့အတွက် (အာဟာရကြက်ဥ) (၁၄၄၀)လုံးပေးအပ်လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။


သတင်း - သန်းမြတ်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)