တောင်ကြီးမြို့၌ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့၌ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

 








MNP - မေ   ၂၅


ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောကြိုးဝိုင်းဧရိယာအတွင်း ယနေ့နံနက်(၈)နာရီခွဲက လွိုင်ခမ်းအိမ်ရာအတွင်း၌ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပကြောင်း သိရသည်။


မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်များကို ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲပေါင်း (၃၆)ပွဲ၊ သစ်တောသစ်ပင် (၂၆၄၄၀)ပင်စိုက်ပျိုးသွားမှာဖြစ်ပြီး လက်ရှိတွင်(၁၈)ပွဲနှင့် သစ်တောသစ်ပင်(၁၁၃၆၅)ပင် စိုက်ပျိုးပြီးဖြစ်ပြီ ကျန်(၁၈)ပွဲကိုလည်း ယခုမေလတွင်အပြီး စိုက်ပျိုးသွားမှာဖြစ်ကြောင်း၊ ဇွန်၊ ဇူလိုင်လ မိုးရာသီမှာလည်း ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် သစ်ပင်စိုက်ပွဲတော်များကို ဆက်လက်ကျင်းပသွားမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သစ်တောဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီတွင် သစ်မျိုး(၅၆)မျိုး၊ ပျိုးပင်ပေါင်း(၂၇)သိန်းအား ပျိုးထောင်ထားရှိပြီး အင်းလေးကန်ရေဝေရေလဲထိန်းသိမ်းရေး၊ ကလောမြို့အား ထင်းရှူးမြို့တော်ဖြစ်စေရေး၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးအစရှိသည့် စီမံချက်များအရ သစ်တောသစ်ပင်(၁၄)သိန်း ဌာနဆိုင်ရာ၊ တပ်ရင်းတပ်ဖွဲ့နှင့် ပြည်သူလူထုတို့ သစ်တောသစ်ပင်(၁၃)သိန်း၊ စုစုပေါင်း(၂၇)သိန်းအား ဖြန့်ဝေစိုက်ပျိုးသွားမှာဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းကခါတော်မီပျိုးပင်နှင့် ထင်းရှူးပျိုးပင်များကို ဌာန ဆိုင်ရာနှင့် ပြည်သူများကိုပေးအပ်၍လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က အမျိုးသမီးရေးရာအဖွဲ့နှင့် ဒေသခံတိုင်းရင်းသားတိုင်းရင်းသူများကို စိန်ပန်းပြာပျိုးပင်များပေးအပ်ခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ချယ်ရီပင်ကိုစိုက်ပျိုးပေးပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများမှ သစ်ပင်များစိုက်ပျိုးပေးကြ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ဒေသခံတိုင်းရင်းသားတိုင်းရင်းသူများ သစ်ပင်စိုက်ပျိုးပေးနေမှုကို လှည့်လည်ကြည့်ရှု ကြကြောင်းသိရပြီး အဆိုပါမိုးရာသီအကြိုသစ်ပင်များ စိုက်ပျိုးပေးမှုတွင် စိန်ပန်းပြာ (၂၁၂)ပင်၊ ချယ်ရီပင် (၃၃၅)ပင်၊ ထင်းရှူးပင် (၇၆)ပင် စုစုပေါင်း(၆၂၃)ပင်စိုက်ပျိုးပေးကြကြောင်း သိရှိရသည်။


သတင်း - မောင်မောင်သန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)