ညောင်ရွှေမြို့နယ် သက်မွေးပညာသင်တန်းကျောင်း၌ ၂၀၂၂ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ရွှေမြို့နယ် သက်မွေးပညာသင်တန်းကျောင်း၌ ၂၀၂၂ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ

 


MNP - မေ  ၂၂


ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၌ သစ်တောဦးစီးဌာနှင့် ညောင်ရွှေသက် မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း ဆောင်ရွက်သည့် ၂၀၂၂ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲ ညောင်ရွှေမြို့နယ်၊ တောင်ခြေမြင်းစာခွန့် ကျေးရွာအုပ်စုရှိ သက်မွေးပညာသင်တန်းကျောင်းဝန်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။                  


အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ညောင်ရွှေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦး မြို့နယ်သစ်တော ဦးစီးဌာနမှူး ဦးဇော်ဇော်ဦးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊ သင်တန်းသူများမှ စိန်ပန်းပြာပျိုးပင် (၂၀၀)ပင်၊ ရေသင်းဝင်ပျိုးပင် (၄၅၀)ပင် ၊ မန်ကျည်းပျိုးပင် (၂၀၀)ပင်၊ ခါတော်မီပျိုးပင်(၁၅၀)ပင်၊ ပနားမားငုပျိုးပင် (၂၀၀)ပင် စုစုပေါင်းပျိုးပင် (၁၂၀၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။


သတင်း - စိုင်းအယ်ဘဲ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)