မိုးကုတ်မြို့နယ်တွင် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကုတ်မြို့နယ်တွင် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

 


MNP - မေ  ၂၉


မိုးကုတ်မြို့နယ် အောင်နန်းရပ် အထက(၁)ကျောင်းကြီး၊ မြသီတာခန်းမတွင် ယနေ့ နံနက် (၁ဝ) နာရီအချိန်က မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားသို့  အမှတ်(၁)လှုပ်ရှားစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး တင့်ဇော်ခိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အသီးသီး၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပြီး မြန်မာ့ကျောင်းသီချင်းဖြင့် ကျောင်းသား၊ ကျောင်းသူများမှဖျော်ဖြေကာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဝင်းအောင်မှ အမှာစကားပြောကြားကာ ရှေ့ဆောင်ရွက်မည့် ပညာရေးမျှော်မှန်းချက်များ ကို ရှင်းလင်း ပြောကြားခဲ့သည်။


အစီစဉ်အရ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသုံး ပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များအား တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများမှ ကျောင်းအသီးသီးသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။


သတင်း - ကျော်ဇေယျာမြင့်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)