အိမ်မဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး


MNP - မေ   ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင်ကျင်းပခဲ့ ကြောင်းသိရသည်။


အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သမိုင်းကြောင်းနှင့် ချေးငွေအကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးမှုများ၊ စိုက်ပျိုးစရိတ်ချေးငွေ ရယူသူများအတွက် ဖြေလျော့မှုများ၊ ရပိုင်ခွင့်များ၊ ချေးငွေပြန်လည် ပေးဆပ်ရေးအတွက် တောင်သူများ အနေဖြင့် ဆောင်ရွက်ရမည့် အချက်များ၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်  မန်နေဂျာ ဦးအေးသိန်းမှ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးရေးနှင့်ကောက်ခံရေး လုပ်ငန်းများအကြောင်း တို့ကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး တက်ရောက်လာသော ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ချေးငွေစိစစ်ရေး အတွင်းရေးမှူးများက ချေးငွေနှင့်ပတ်သက်သည့် သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာနှင့် ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်  မန်နေဂျာတို့ကပြန် လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ အိမ်မဲမြို့နယ် ကျေးရွာအုပ်စု (၉၈)အုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ချေးငွေစိစစ်ရေး အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)