ကျုံ‌‌ပျော်မြို့၊ မြတ်ချမ်းသာစေတီတော်မြတ်ကြီးတွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ပြည်သူ့အကျိုးပြု သန့်ရှင်းရေး‌လုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျုံ‌‌ပျော်မြို့၊ မြတ်ချမ်းသာစေတီတော်မြတ်ကြီးတွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ပြည်သူ့အကျိုးပြု သန့်ရှင်းရေး‌လုပ်ငန်းများ ဆောင်ရွက်

62

63


MNP - မေ   ၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြဝတီရပ်ကွက်ရှိ မြတ်ချမ်းသာစေတီတော်မြတ်ကြီးတွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ပြည်သူ့အကျိုးပြုသန့်ရှင်းရေး‌လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်က  ပြုလုပ်ခဲ့‌သည်။

ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊  ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့်  ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများ ပူးပေါင်း၍  မြတ်ချမ်းသာဘုရား တန်ဆောင်းနှင့် စေတီ‌‌တော်ပရဝဏ်အတွင်း တို့တွင် အမှိုက်လှည်းခြင်း၊ ဗောဓိညောင်ပင်အနီးဝန်းကျင်အား ရှင်းလင်းခြင်း၊ အမှိုက်များ သိမ်းဆည်းခြင်း၊ ဘုရားပန်းလဲခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို  စေတီတော်မြတ်ကြီးအား ဖူးမြော်သူများလာရောက်ပါက စိတ်အေးချမ်းသာမှုရှိစေရန် စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျုံပျော်မြို့နယ် စိမ်းလန်းစိုပြေရေးနှင့်သန့်ရှင်းသာယာလှပရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လမ်း‌ဘေးဝဲယာများတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူများ ပူးပေါင်းကာ အပတ်စဉ်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်လည်း အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူများစုပေါင်းကာ  စာသင်ကျောင်များ၊ ကျေးရွာတွင်း လူနေအိမ်များ၊ လမ်းမများတွင်လည်း စုပေါင်း သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - လပြည့်ဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages