ရန်ကုန်တောင်ပိုင်းခရိုင်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တောင်ပိုင်းခရိုင်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ






MNP - မေ   ၂၆


ရန်ကုန်တောင်ပိုင်းခရိုင်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီတွင် ကျောက်တန်းမြို့နယ် ဘန့်ဘွေးကုန်းရေလှောင်တမံ ကြိုးဝိုင်းအတွင်း၌ ကျင်းပသည်။


ရန်ကုန်တောင်ပိုင်းခရိုင်၊ မိုးရာသီအကြိုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက သတ်မှတ်နေရာ အသီးသီးတွင် သစ်ပင်များစိုက်ပျိုးပေးကြသည်။


အဆိုပါမိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သိုက်ဝင်းနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးက သတ်မှတ်နေရာတွင် ပိတောက်ပင်ကို အမှတ်တရ စိုက်ပျိုးပေးသည်။


ရန်ကုန်တောင်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနအနေဖြင့် ဘန့်ဘွေးကုန်းရေလှောင်တမံ ကြိုးဝိုင်းအတွင်း ရေဝေရေလဲဧရိယာတည်တံ့ရေး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေလှပပြီး ရာသီဥတုပြောင်းလဲမှုဒဏ်ကာကွယ်နိုင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ဖြစ်ထွန်းရေး၊ သစ်တောသစ်ပင်များ စိုက်ပျိုးပြုပြင်ထိန်းသိမ်းခြင်းကို ဒေသခံပြည်သူတို့ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ယနေ့တွင် ပိတောက်၊ ပျဉ်းကတိုး၊ ပျဉ်းမ၊ မန်ဂျန်ရှား၊ မဟော်ဂနီ ပျိုးပင်ပေါင်း(၁၀၀၀)ကျော် စိုက်ပျိုးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)