ကိုးခန်းကြီးလိုဏ်ဂူ (သို့) ဝတ်ကြီးလိုဏ်ဂူထဲမှ ရှေးဟောင်းယဉ်ကျေးမှု နံရံဆေးပန်းချီများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုးခန်းကြီးလိုဏ်ဂူ (သို့) ဝတ်ကြီးလိုဏ်ဂူထဲမှ ရှေးဟောင်းယဉ်ကျေးမှု နံရံဆေးပန်းချီများ





MNP - မေ  ၂၅


ကိုးခန်းကြီးလိုဏ်ဂူ (သို့) ဝတ်ကြီးလိုဏ်ဂူသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မှန်ကင်းဘုန်းတော်ကြီးကျောင်းဝင်းအတွင်းတည်ရှိကာ လိုဏ်ဂူအတွင်းမှ နံရံဆေးပန်းချီများမှာ မြန်မာသက္ကရာဇ် ၁၁၄၄ ခုနှစ်ဝန်းကျင်က ရေးဆွဲခဲ့ကြကြောင်း သမိုင်းသုတေသီများက ဆိုကြသည်။ မင်းဘူးဆရာတော် ဦးဩဘာသရေးသားခဲ့သော ဇာတ်တော်ကြီးရှစ်ဘွဲ့ထဲက တေမိယဇာတ်၊ မဟာဇနကဇာတ်၊ နေမိဇာတ်၊ မဟော်သဓာဇာတ်၊ စန္ဒကုမာရဇာတ်၊ နာရဒဇာတ်၊ ဝိဓူရဇာတ်၊ ဝေဿန္တရာဇာတ်များအပြင် ရှင်ပညာတိက္ခရေးသားတဲ့ သုဝဏ္ဏသာမဇာတ်နှင့် ရှင်နန္ဒမေဓာကရေးသားတဲ့ ဘူရိဒတ်ဇာတ်တော်ကြီးများကို ဆေးစုတ်ချက်ကောင်းကောင်းနဲ့ အသက်ဝင်စွာ ရေးဆွဲပုံဖော်ထားသော်လည်း လက်ရာများမှာ ဟောင်းနွမ်းနေပြီဖြစ်သည်။


ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးများတွင် များသောအားဖြင့် နံရံဆေးပန်းချီ ပန်းပုလက်ရာများဖြင့် ဆန်းပြားခမ်းနားစွာ ပုံဖော်ရေးဆွဲထားကြပြီး ရှေးခေတ်နန်းတွင်းမှ မင်းသား၊ မင်းသမီးပုံများ၊ စစ်သည်၊ များနှင့် ဆင်မြင်း ဗိုလ်ပါပုံများ၊ နတ်သား၊ နတ်သမီးများ၊ ဇာတကဝတ္ထုများနှင့် ဇာတ်နိပါတ်တော်လာ ပုံများကို အများဆုံးထုထွင်းရေးဆွဲကြသည်။


ရှေးခေတ်မှ ပန်းချီပန်းပု သုခုမအနုလက်ရာများသည် ထူးချွန် ပြောင်မြောက်လှသောကြောင့် မြင်ရသူတို့၏ စိတ်နှလုံးကို ကြည်နူးစေသည်၊ အေးမြစေသည်၊ ရင်ထဲ၊ အသည်းထဲကို စွဲမြဲစွာထင်ဟပ်စေသောကြောင့် ကမ္ဘာအရပ်ရပ်မှ ခရီးသွားပြည်သူများက မြန်မာပြည်မှ ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးများအား စိတ်ပါဝင်စားစွာ အပတ်တကုတ် လာရောက်လေ့လာ လည်ပတ်ကြခြင်းဖြစ်သည်။


ထိုကဲ့သို့ ရှေးမူ၊ ရှေးဟောင်းသုခုမအနုလက်ရာများထဲတွင် မင်းဘူးမြို့ မှန်ကင်းဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းမှ ကိုးခန်းကြီးလိုဏ်ဂူ (သို့) ဝတ်ကြီးလိုဏ်ဂူ၏ ရှေးခေတ်နံရံ ဆေးပန်းချီများဟာဆိုရင်လည်း ပြန်လည်ပြင်ဆင်မွမ်းမံလိုက်ပါက ရှေးမူလက်ရာများ ပေါ်လွင်လာကာ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများအတွက် လေ့လာလည်ပတ်စရာ နေရာတစ်ခုအဖြစ် ထင်ဟပ်လာစေမှာ ဖြစ်ပါတော့သည်။


သတင်း - ဇေယျာထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)