သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဉာဏိဿရထံမှ ဩဝါဒခံယူခြင်းနှင့် အလှူငွေပေးအပ်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဉာဏိဿရထံမှ ဩဝါဒခံယူခြင်းနှင့် အလှူငွေပေးအပ်ပွဲပြုလုပ်



MNP ၊ မေ ၂၈

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိရွှေကျင်နိကာယဥပ ဥက္ကဋ္ဌအဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မဟာဓမ္မကထိက၊ဗဟုဇနဟိတ ဓရဒေါက်တာ ဘဒ္ဒန္တဉာဏိဿရထံမှ ဩဝါဒခံယူခြင်းနှင့် အလှူငွေပေးအပ်ပွဲကို ယမန်နေ့က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ သီတဂူဇီဝိတစက္ခုဒါနဆေးရုံခန်းမ၌ပြုလုပ်ရာ သီတဂူဆရာတော်ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူ ကြပြီးကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြသည်။

ဦးစွာ မြိတ်မြို့ မော်တောင်ပရိယတ္တိစာသင်တိုက်ဆရာတော်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာရဒက သီတဂူဆရာတော် ကြီးထံသီတဂူစက္ခုဒါန ဆေးရုံဆိုင်ရာဆောင်ရွက်ချက်များကို ရှင်းလင်းလျှောက်ထားသည်။ ထို့နောက် အလှူရှင်များက သီတဂူစက္ခုဒါနဆေးရုံအတွက်အလှူငွေများပေးအပ်လှူဒါန်းရာ တိုင်းမှူးနှင့်တာဝန်ရှိသူများက လက်ခံယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ဆက်လက်၍ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက သီတဂူဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူကြပြီး ဆရာတော်ကြီး၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက သီတဂူဇီဝိတစက္ခုဒါန ဆေးရုံအတွင်းရှိ ဆေးကုသခန်းနှင့်လူနာခန်းများတည်ဆောက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု ကြကြောင်းသတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)