တောင်သာမြို့၌ ၂၀၂၂-ခုနှစ် မိုးရာသီအကြို စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သာမြို့၌ ၂၀၂၂-ခုနှစ် မိုးရာသီအကြို စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ






MNP - မေ  ၂၇


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၏၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁၀)အထည်စက်ရုံဝန်းအနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။   


အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်သူရမှ သစ်ပင်စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီးနောက် စိုက်ပျိုးမည့်သစ်ပင်များအားပေးအပ်ရာ မြင်းခြံခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်သူရထံ ပေးအပ်ခြင်း၊ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲလွင်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနေမျိုးသူထံပေးအပ်ခြင်း၊ မြို့နယ်အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်စွာလင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှူး ရန်နိုင်စိုးထံ ပေးအပ်ခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းက မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ယမင်းတင်ထံ ပေးအပ်ခြင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိ ဦးလာဒ်ထွဋ်က မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဒုဥက္ကဋ္ဌ ဒေါ်ဇင်မာဝင်းရွှေ ထံပေးအပ်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်  ဦးမိုးကျော်နိုင်က စွပ်ကျယ်စက်ရုံ စက်ရုံမှူး ဦးကျော်နိုင်ထံ အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။


ထို့နောက် တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့များစုစုပေါင်းအင်အား(၂၀၀)ဦးတို့မှ တပျော်တပါး သစ်ပင်စိုက်ပျိုးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။                  


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ကုက္ကိုလ်၊ မယ်ဇလီ၊ တမာ၊ မန်ကျည်း စုစုပေါင်း(၂၀၀)ပင် စိုက်ပျိုးခဲ့ပြီး ကောက်ညှင်းပေါင်းနှင့် အကြော်များကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။


သတင်း - ကျော်မျိုးနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)