ခိုလမ်မြို့ ၊ နောင်ဖာပရဟိတကျောင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခိုလမ်မြို့ ၊ နောင်ဖာပရဟိတကျောင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုး





MNP - မေ   ၂၂


သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန၊ ခရိုင်သစ်တောဦးစီးဌာန၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်ဘိနယ်၊ ခိုလမ်မြို့ ၊နောင်ဖာပရဟိတကျောင်းတွင် မိုးရာသီ သစ်ပင်စိုက်ပျိူးပွဲကို မေလ ၂၁ ရက် နံနက် ၈ နာရီက အဆိုပါပရဟိတကျောင်း၌ကျင်းပရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ်လှမိုး တက်ရောက်၍ စကားဝါပင်ကို စိုက်ပျိုး ပေးပါသည်။


ရှေးဦးစွာ တိုင်းမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်တို့က ဒေသခံ တိုင်းရင်းသားများအား ပျိုးပင်များပေးအပ်ပါသည်။ ထို့နောက် တိုင်းမှူး ဗိုလ်ချုပ်လှမိုးက စကားဝါပင်ကိုလည်းကောင်း၊ ဒုတိယတိုင်းမှူးနှင့်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံ စောလှိုင်တို့က ခါတော်မီပင်ကိုလည်းကောင်း ဦးဆောင်စိုက်ပျိုးပေးပါသည်။ ယင်းနောက် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ပရဟိတကျောင်းမှ ကျောင်းသား/သူများက သတ်မှတ်‌ နေရာအသီးသီးတွင် ခါတော်မီပင်( ၁၀၀)၊ မျောက်ငိုပင် ( ၁၀၀)၊ ချယ်ရီပင် (၁၀၀)၊ မဲဇလီပင် (၁၀၀)၊ စိန်ပန်းနီပင် (၁၀၀)၊ ထောပတ်ပင် (၁၅၀) နှင့် သပြေဘူတပင် (၅၀)ပင် စုစုပေါင်း  သစ်ပင်(၇၀၀) တို့အား တစ်ပျော်တစ်ပါးစိုက်ပျိုးခဲ့ကြရာ တိုင်းမှူးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှု့ အားပေးပါသည်။


ခိုလမ်မြို့၊ နောင်ဖာပရဟိတကျောင်းဝန်းအတွင်း စိမ်းလန်းစိုပြေရေး၊ ရာသီဥတုမျှတ ကောင်းမွန်စေရေး၊ မြေဆီလွှာတိုက်စားမှုလျော့နည်းပပျောက်စေရေး၊ သစ်တောသစ်ပင် ချစ်ခင်စေရေးနှင့် သစ်တောများကာကွယ်ထိန်းသိမ်းစောင့်ရှောက်လိုသည့် အသိ ပြည်သူများ၏ စိတ်တွင် ရင့်သန်လာစေရန် ရည်ရွယ်ချက်များဖြင့် သစ်ပင်စိုက်ပျိုးပွဲကိုပြုလုပ်ရခြင်းဖြစ်ကြောင်း ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်မျိူး ထံမှသိရသည်။ အဆိုပါသစ်ပင် စိုက်ပျိုးပွဲသို့ အင်အား ၃၅၀ ဦး တက်ရောက်ကြသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)