MNP - မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် လှိုင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဖလား အသက် ၂၅ နှစ်အောက်ရပ်ကွက် ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီတွင် လှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်မှ အားကစားပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။
ဆက်လက်၍ ဗိုလ်မှူးသန်းမင်အောင်မှ အားကစားပြိုင်ပွဲတွင် လုံခြုံရေးနှင့်ပတ်သက်၍ လုပ်ဆောင်သွားမည့် အစီအစဉ်များကို ပြောကြားခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ရပ်ကွက် ၁၆ ရပ်ကွက်မှ အသင်း ၉ သင်းဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သတင်းရသည်။
သတင်း - ကျော်ရဲအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment