Pages

Pages

လှိုင်မြို့နယ်တွင် လှိုင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဖလားအသက် ၂၅ နှစ်အောက် ရပ်ကွက်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး ဆွေးနွေးပွဲ ပြုလုပ်



MNP - မေ   ၂၄


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် လှိုင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဖလား အသက် ၂၅ နှစ်အောက်ရပ်ကွက် ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်  ၂ နာရီတွင် လှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်မှ အားကစားပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။


ဆက်လက်၍ ဗိုလ်မှူးသန်းမင်အောင်မှ အားကစားပြိုင်ပွဲတွင် လုံခြုံရေးနှင့်ပတ်သက်၍ လုပ်ဆောင်သွားမည့် အစီအစဉ်များကို ပြောကြားခဲ့သည်။


အဆိုပါ ပြိုင်ပွဲတွင် ရပ်ကွက် ၁၆ ရပ်ကွက်မှ အသင်း ၉ သင်းဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သတင်းရသည်။


သတင်း - ကျော်ရဲအောင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment