စလင်းမြို့နယ်တွင် ကျေးရွာအုပ်စု(၃)စုမှ အိမ်ထောင်စု(၃၂)စုနှင့် လူဦးရေ(၁၁၈)ဦး ဧရာဝတီမြစ်ကမ်းပါးပြိုကျမည်စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် ကျေးရွာအုပ်စု(၃)စုမှ အိမ်ထောင်စု(၃၂)စုနှင့် လူဦးရေ(၁၁၈)ဦး ဧရာဝတီမြစ်ကမ်းပါးပြိုကျမည်စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့

 




MNP -  မေ   ၂၈


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃)အုပ်စုဖြစ်သည့် သနပ်ကုန်းကျေးရွာ၊ ငွေသောင်ကျေးရွာ၊ သရက်ကုန်းကျေးရွာအုပ်စုတို့မှ အိမ်ထောင်စု(၃၂)စုတို့သည် ယမန်နေ့ဧရာဝတီမြစ်ကမ်းပါးများ ရေတိုက်စား၍ ပြိုကျမည်စိုးရိမ်ရသဖြင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့နေထိုင်ကြကြောင်း သိရသည်။


စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများ ဧရာဝတီမြစ်ရိုးတစ်လျှောက်နေထိုင်ကြသည့် ကျေးလက်နေပြည်သူများ မိရိုးဖလာတောင် သူအလုပ်လုပ်ကိုင်ကြရင်းဖြင့် နေထိုင်ခဲ့သည် ဘိုးဘွားလက်ထက် သားစဉ်မြေးအဆက်ဆက် တောင်သူအလုပ်လုပ်ကိုင်နေထိုင်ကြ၍ ယခုအချိန်ခါမှာဖြင့် ဧရာဝတီမြစ်ရေတိုက်စားခံရသော ကျေးရွာများဖြစ်သည့် သနပ်ကုန်းကျေးရွာအုပ်စု သနပ်ကုန်းကျေး ရွာမှ၊ အိမ်ထောင်စု(၁)စုအိမ်ခြေ(၁)လုံး၊ လူဦးရေကျား(၂)ဦး၊ မ(၂)ဦးတို့သည်ကွင်းအမှတ်(၄၈၆) သပြေဖြူကွင်းသို့လည်းကောင်း၊ ငွေသောင်ကျေးရွာအုပ်စု ငွေသောင်ကျေးရွာမှ အိမ်ထောင်စု (၂၃)စု အိမ်ခြေ(၂၃)အိမ် လူဦးရေကျား(၄၈ဦး၊ မ(၄၄)ဦးတို့ သည် ကွင်းအမှတ်(၄၈၆)သပြေဖြူကွင်းနှင့် ကွင်းအမှတ်(၄၈၁)မြေမိကွင်းသို့လည်းကောင်း၊ သရက်ကုန်းကျေးရွာရှိ အိမ်ထောင်စု (၈)စု၊ အိမ်ခြေ(၈)အိမ်၊ လူဦးရေကျား(၁၁)ဦး၊ မ(၁၁)ဦးတို့သည် ကွင်းအမှတ်(၄၈၆)သပြေဖြူကွင်းသို့လည်းကောင်း မိမိတို့ဝယ်ယူထားသော ယာမြေများတွင် လူနှင့်တိရစ္ဆာန်များအထိအခိုက်မရှိ ပြောင်းရွှေ့ကြကြောင်းကို စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ စာရေးဝန်ထမ်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများ ကွင်းဆင်းကြည်ရှုခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)